WECHAT -၀န်ဆောင်မှု၏ စည်းကမ်းချက်များ

နောက်ဆုံးအကြိမ် ပြင်ဆင်မွမ်းမံခြင်း- 2024-02-20

မိတ်ဆက်

WeChat မှ ကြိုဆိုပါသည်။

သင်၏ WeChat အသုံးပြုမှုသည် ဤဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ ( ဤ"စည်းကမ်းချက်များ"အပေါ်တွင် မူတည်ပါသည်)။ ဤစည်းကမ်းချက်များကို ကြည့်ရူပေးသည့်အတွက်ကျေးဇူးတင်ပါသည်။ သင်ဟာ WeChat အသုံးပြုခြင်းကို နှစ်သက်လိမ့်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။

အကယ်၍ သင့်တွင် ဤစည်းကမ်းချက်များနှင့်ပတ်သက်၍ မေးခွန်းတစ်စုံတစ်ရာရှိပါက သို့မဟုတ် ကျွန်ုပ်တို့ထံသို့ သတိပေးချက်တစ်စောင် ပို့ချင်ပါက၊ ကျေးဇူးပြု၍ WeChat ထဲရှိ "I" -> "Settings" -> "Help and Feedback" သို့မဟုတ် ကျွန်ုပ်တို့အား ဆက်သွယ်ရန်အတွက် help.wechat.com အား ဆက်သွယ်ပါ။

အဆိုပါစည်းမျဉ်းများအား လိုက်နာခြင်း

WeChat အား အသုံးပြုခြင်းဖြင့် သင်နှင့် ဖော်ပြပါအဖွဲ့အစည်းကြားတွင် အဆိုပါစည်းမျဉ်းများဖြင့် ချည်နှောင်ခြင်းကို သဘောတူရာရောက်ပါသည်-

သင့်အကောင့်နှင့်ချိတ်ဆက်ထားသည့် ဖုန်းနံပါတ်၏ အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုကုဒ်နံပါတ်စာချုပ်ချုပ်ဆိုသည့်အဖွဲ့လိပ်စာ
အကယ်၍ သင့်အကောင့်နှင့်ချိတ်ဆက်ထားသည့် ဖုန်းနံပါတ်၏ အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုကုဒ်နံပါတ်သည် UK၊ EEA သို့မဟုတ် ဆွစ်ဇာလန် (အောက်တွင် ဖော်ပြထားသည့်အတိုင်း) သို့မဟုတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ထိုင်ဝမ်၊ ဟောင်ကောင် သို့မဟုတ် မကာအိုမပါ) (“တရုတ်ပြည်မကြီး”) မဟုတ်သည့် အခြားနိုင်ငံတွင် ဖြစ်ပါကWeChat International Pte. Ltd10 Anson Road, #21-07 International Plaza, Singapore 079903
အကယ်၍ သင့်အကောင့်နှင့်ချိတ်ဆက်ထားသည့် ဖုန်းနံပါတ်၏ အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုကုဒ်နံပါတ်သည် ယူနိုက်တက်ကင်းဒမ်း၊ ဥရောပစီးပွားရေးဧရိယာ သို့မဟုတ် ဆွစ်ဇာလန် (“UK၊ EEA သို့မဟုတ် ဆွစ်ဇာလန်”) တွင် ဖြစ်ပါကTencent International Services Europe BVBuitenveldertselaan 1-5, 1082 VA Amsterdam, the Netherlands

(ကိစ္စရပ်တစ်ခုစီတွင် "ကျွန်ုပ်တို့သည်"၊ "ကျွန်ုပ်တို့၏" နှင့် "ကျွန်ုပ်တို့ကို" ဟု သုံးနှုန်းမည်)။

သက်ဆိုင်သည့် ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ သက်ရောက်မှုရှိသော WeChat ဝန်ဆောင်မှု သို့မဟုတ် အင်္ဂါရပ်အား သင်၏အသုံးပြုမှုနှင့်စပ်လျဉ်း၍ သင်သည် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခု (WeChat International Pte. Ltd. သို့မဟုတ် Tencent International Services Europe BV ကိုယ်စား၊ သက်ဆိုင်သလို) နှင့် စာချုပ်ချုပ်ဆိုထားကြောင်း WeChat ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများတွင် သေချာပေါက် ဖော်ပြထားပါသည်။ ယင်းနှင့်စပ်လျဉ်း၍ အကြောင်းကိစ္စရပ်တစ်ခု ပေါ်ပေါက်လာပါက သက်ဆိုင်ရာ စာချုပ်ချုပ်ဆိုထားသောအဖွဲ့သည် သက်ဆိုင်သော WeChat ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများအား ရွေးထုတ်ဖော်ပြပေးမည်ဖြစ်သည်။ ဤစည်းမျဉ်းများ (အဆိုပါ သက်ဆိုင်သည့် ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ အပါအဝင်) သည် သက်ဆိုင်ရာ WeChat ဝန်ဆောင်မှု သို့မဟုတ် အင်္ဂါရပ်အား သင်၏အသုံးပြုမှုနှင့် စပ်လျဉ်း၍ သင်နှင့် သတ်မှတ်ဖော်ပြထားသော စာချုပ်ချုပ်ဆိုထားသည့်အဖွဲ့ကြားတွင် သက်ရောက်မှုရှိမည်ဖြစ်သည်။

အခြားအသုံးပြုသူများ

အကယ်၍ သင်သည် WeChat အသုံးပြုသူတစ်ဦးဖြစ်ပါက ဤစည်းမျဉ်းများသည် သင်နှင့် သက်ဆိုင်ပါသည်၊ သင်သည် +86 မဟုတ်သည့် အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုကုဒ်နံပါတ်များကို အသုံးပြုသော မိုဘိုင်းလ်နံပါတ်တစ်ခု ("တရုတ်ပြည်မကြီးမှမဟုတ်သော မိုဘိုင်းလ်နံပါတ်") နှင့် ချိတ်ဆက်၍ မှတ်ပုံတင်ထားပါကဟု ဆိုလိုခြင်းဖြစ်သည်။

အကယ်၍ သင်သည် Weixin သုံးစွဲသူတစ်ဦးဖြစ်ပါက ဤစည်းမျဉ်းများသည် သင်နှင့် [မ]{.ul}သက်ဆိုင်ပါ။ အောက်ဖော်ပြပါအခြေအနေများရှိပါက သင်သည် Weixin အသုံးပြုသူတစ်ဦးဖြစ်သည်-

အကယ်၍ သင်သည် Weixin သုံးစွဲသူတစ်ဦးဖြစ်ပါက Weixin ဆော့ဖ်ဝဲလ်လိုင်စင်နှင့် Tencent Weixin ၏ ဝန်ဆောင်မှုဆိုင်ရာ သဘောတူစာချုပ် ("Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ") နှင့် သက်ဆိုင်ပြီး ဤစည်းမျဉ်းများနှင့် သက်ဆိုင်မှုမရှိပါ။

"ကျွန်ုပ်" > "ချိန်ညှိမှုများ" > "ကျွန်ုပ်တို့အကြောင်း" ကို နှိပ်ပြီးနောက် "ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ" ဆီသို့ လင့်ခ်ကိုနှိပ်ခြင်းဖြင့် သင်သည် WeChat သို့မဟုတ် Weixin သုံးစွဲသူတစ်ဦးဟုတ်၊ မဟုတ်ကိုလည်း စစ်ဆေးနိုင်ပါသည်။ WeChat - ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ ကို တွေ့ရှိပါက သင်သည် WeChat သုံးစွဲသူတစ်ဦး ဖြစ်ပါသည်။ ဆော့ဖ်ဝဲလ်လိုင်စင်နှင့် Tencent Weixin ၏ ဝန်ဆောင်မှုဆိုင်ရာ သဘောတူစာချုပ် ကို တွေ့ရှိပါက သင်သည် Weixin သုံးစွဲသူတစ်ဦး ဖြစ်ပါသည်။

နောက်ပိုင်းတွင် သင့် WeChat သို့မဟုတ် Weixin အကောင့်နှင့် ချိတ်ဆက်ထားသော ဖုန်းနံပါတ်၏ အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုကုဒ်နံပါတ်၌ အပြောင်းအလဲရှိပါက (တရုတ်ပြည်မကြီး မိုဘိုင်းလ်နံပါတ်မှ တရုတ်ပြည်မကြီးမဟုတ်သော ဖုန်းနံပါတ်သို့ဖြစ်စေ၊ အပြန်အလှန်အားဖြင့်ဖြစ်စေ) သင့်အကောင့်သည် (ကိစ္စရပ်ပေါ်မူတည်၍) WeChat သို့မဟုတ် Weixin အကောင့်သို့ ပြောင်းသွားမည်ဖြစ်ပြီး အလားတူ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ (ကိစ္စရပ်ပေါ်မူတည်၍ WeChat အတွက်ဖြစ်စေ၊ Weixin အတွက်ဖြစ်စေ) ကို သဘောတူရန် သင့်အား နှိုးဆော်မည်ဖြစ်သည်။ သင်သည် အကောင့်သစ်အသုံးပြုမှုနှင့် သက်ဆိုင်သည့် ဆက်စပ်ဥပဒေများနှင့် စည်းမျဉ်းများ (မပြောင်းလဲမီ သက်ဆိုင်ခဲ့သောစည်းမျဉ်းများနှင့် မတူညီဘဲရှိနိုင်သည့်) နှင့်လည်း သက်ဆိုင်ကာ၊ ၎င်းတို့ကို လိုက်နာရမည်ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ Weixin အကောင့်ကို WeChat အကောင့်သို့ ပြောင်းပါက အဆိုပါပြောင်းလဲမှုအား ကျွန်ုပ်တို့၏စနစ်က မှတ်တမ်းတင်သည့်ရက်စွဲမှ စတင်၍ ဤစည်းမျဉ်းများသည် သင်နှင့်သက်ဆိုင်မှုရှိမည်ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ WeChat အကောင့်ကို Weixin အကောင့်သို့ ပြောင်းပါက အဆိုပါပြောင်းလဲမှုအား ကျွန်ုပ်တို့၏စနစ်က မှတ်တမ်းတင်သည့်ရက်စွဲမှ စတင်၍ ဤစည်းမျဉ်းများသည် သင်နှင့်သက်ဆိုင်တော့မည်မဟုတ်ပါ။ ဤလုပ်ဆောင်ချက်မှာ သင့်အကောင့်နှင့်အသက်ဆိုင်ဆုံးဖြစ်သော အင်္ဂါရပ်များနှင့် ဝန်ဆောင်မှုများကို သင့်အား ကျွန်ုပ်တို့က ပေးစွမ်းကြောင်း သေချာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ပြောင်းလဲမှုများကို ဤစည်းမျဉ်းများ၊ အခြားသော သက်ဆိုင်ရာ ပလပ်ဖောင်းစည်းကမ်းချက်များ၊ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါလုပ်ဆောင်ချက်ကို အလွဲသုံးစားပြုရန် ကြိုးစားသည့် အကောင့်များ (ဥပမာ၊ မကြာခဏပြောင်းသုံးခြင်း) သည် ဤစည်းမျဉ်းများအရ ၎င်းတို့၏ဝင်ရောက်အသုံးပြုခွင့်ကို ကန့်သတ်ခံရနိုင်ပါသည်။

WEIXIN နှင့် အချက်အလက်ဖလှယ်နိုင်စွမ်း

WeChat သည် Weixin နှင့် အချက်အလက်များ ဖလှယ်နိုင်သောကြောင့် သင်သည် Weixin သုံးစွဲသူများနှင့် ဆက်သွယ်နိုင်ပြီသက်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီး အခိုက်အတန့်များနှင့် အခြေအနေတို့ကို အချင်းချင်းကြည့်ရှုနိုင်မည်ဖြစ်သည်။ Weixin က စီမံလုပ်ဆောင်သော အင်္ဂါရပ်အချို့ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါအင်္ဂါရပ်များအား အသုံးပြုခြင်းသည် သက်ဆိုင်ရာ Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ သို့မဟုတ် အဆိုပါအင်္ဂါရပ်နှင့်သက်ဆိုင်သော ဝန်ဆောင်မှု သဘောတူစာချုပ်နှင့် သက်ဆိုင်ပါသည်။ ထပ်လောင်းအသေးစိတ်အချက်အလက်များအတွက် အောက်တွင်ကြည့်ရှုပါ။

ဤစည်းမျဉ်းများ

WeChat အသုံးပြုနိုင်သည့်၊ အသုံးမပြုနိုင်သည့်နည်းလမ်းများကို နားလည်သဘောပေါက်စေရန်အတွက် ဤစည်းမျဉ်းများ၊ ကျွန်ုပ်တို့၏မူဝါဒများနှင့် ညွှန်ကြားချက်များကို ပြန်လည်သုံးသပ်ပါ။ သင် WeChat ကို အသုံးပြုရာ၌ ဤစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး ၎င်းကို အသုံးပြုချိန်၌ သင်မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများအရ ခွင့်ပြုထားသည့်အတိုင်းသာ WeChat ကို အသုံးပြုရမည်ဖြစ်သည်။ အချို့နိုင်ငံများ၌ WeChat အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များ ရှိပါသည် - သင်တည်ရှိနေသောနေရာ၌ WeChat အား အသုံးပြုရန် တရားဝင်ခွင့်ပြုထားကြောင်း သေချာစေရန်မှာ သင့်တာဝန်ဖြစ်ပြီး အချို့သော WeChat လုပ်ဆောင်ချက်များကို အချို့နိုင်ငံများ၌ အသုံးမပြုနိုင်ဘဲရှိနိုင်ပါသည်။

WeChat ကို အသုံးပြုခြင်းဖြင့် သင်သည် ဤစည်းမျဉ်းများကို သဘောတူရာရောက်ပါသည်။ သင် ဤစည်းမျဉ်းများကို သဘောမတူပါက WeChat အား အသုံးမပြုပါနှင့်။

ဤစည်းမျဉ်းများနှင့်ဆက်စပ်သည့် အခြားသော အထွေထွေစည်းမျဉ်းများ

သင်သည် အသက် ၁၃ နှစ်အောက်ဖြစ်လျှင် (သို့မဟုတ် သင်နေထိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်အတွင်း သတ်မှတ်ထားသည့် သက်ဆိုင်ရာ ဥပဒေကြောင်းအရ အသက်မပြည့်သေးသည့်သူဖြစ်လျှင်) ကျွန်ုပ်တို့သည် ဤစည်းကမ်းချက်များအတွက် သင့် မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူညီမှုကို ဦးစွာမရယူဘဲ (၎င်းတို့အတွက်ဖြစ်စေ သင့်အားကိုယ်စားပြု၍ဖြစ်စေ) မည်သည့်ရည်ရွယ်ချက်နှင့်မှ WeChat ကို အသုံးပြုမရနိုင်ပါ။

အကယ်၍ သင်သည် ကုမ္ပဏီတစ်ခု၊ စပ်တူလုပ်ငန်း၊ အသင်းအဖွဲ့၊ အစိုးရ သို့မဟုတ် အခြားသော အဖွဲ့အစည်း (သင့် "အဖွဲ့အစည်း") ကိုယ်စား WeChat ကို အသုံးပြုခြင်းဖြစ်ပါက သင့်ထံတွင် ယင်းကဲ့သို့လုပ်ဆောင်ရန် အခွင့်အာဏာရှိပြီး သင့်အဖွဲ့အစည်းအား ဤစည်းမျဉ်းများကို လိုက်နာစေရန် အခွင့်အာဏာရှိကြောင်း အာမခံရပါမည်။ အဆိုပါအခြေအနေများ၌ "သင်" ဟူသော အသုံးအနှုန်းတွင် သင့်အဖွဲ့အစည်း ပါဝင်မည်ဖြစ်သည်။

ကျွန်ုပ်တို့သည် ဤစည်းမျဉ်းများကို ဘာသာစကားအများအပြားသို့ ဘာသာပြန်ဆိုမည်ဖြစ်သည်။ ဤစည်းမျဉ်းများ၏ အင်္ဂလိပ်ဘာသာစကားမူနှင့် အခြားဘာသာစကားမူတို့ကြားတွင် ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက အင်္ဂလိပ်ဘာသာစကားမူကို အတည်ယူမည်ဖြစ်သည် (သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများမှ ခွင့်ပြုထားသည့်အတိုင်းအတာအထိ)။

ထပ်လောင်းစည်းမျဉ်းများနှင့် မူဝါဒများ

မတူကွဲပြားသော ဝန်ဆောင်မှုများနှင့် အင်္ဂါရပ်များကို WeChat အတွင်း သို့မဟုတ် မှတဆင့် အသုံးပြုနိုင်ပြီး ယင်းဝန်ဆောင်မှုများနှင့် အင်္ဂါရပ်များအားလုံးကို ကျွန်ုပ်တို့က စီမံဆောင်ရွက်ခြင်း မဟုတ်ပါ။ WeChat တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား သင်၏အသုံးပြုမှုနှင့်သက်ဆိုင်သော ထပ်လောင်းစည်းမျဉ်းများနှင့် မူဝါဒများ ("ထပ်လောင်းစည်းမျဉ်းများ") ရှိပါသည်။ ကျွန်ုပ်တို့စီမံဆောင်ရွက်သော အဆိုပါဝန်ဆောင်မှုများနှင့် အင်္ဂါရပ်များအတွက် ကျွန်ုပ်တို့သည် သင့်အား ထပ်လောင်းစည်းမျဉ်းများကို ဤကဏ္ဍတွင်ဖော်ပြထားသည့်အတိုင်း အပါအဝင် WeChat အတွင်း ရံဖန်ရံခါ အသိပေး၊ အကြောင်းကြားသွားမည်ဖြစ်သည်။ ယင်းထပ်လောင်းစည်းမျဉ်းများသည် ဤစည်းမျဉ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဤစည်းမျဉ်းတွင် ပေါင်းစပ်ပါဝင်ပါသည်။

အကယ်၍ သင်သည် ပြင်ပအဖွဲ့အစည်းတစ်ခု (Weixin အပါအဝင်) က စီမံဆောင်ရွက်သော ဝန်ဆောင်မှုများ သို့မဟုတ် အင်္ဂါရပ်များကို အသုံးပြုပါက အဆိုပါဝန်ဆောင်မှုများ သို့မဟုတ် အင်္ဂါရပ်များအား သင်၏အသုံးပြုမှုသည် အဆိုပါသီးခြားဝန်ဆောင်မှုနှင့်စပ်လျဉ်းသော စည်းမျဉ်းများနှင့် သက်ဆိုင်မည်ဖြစ်ပါသည်။ မည်သည့်စည်းမျဉ်းများသည် အဆိုပါသီးခြားဝန်ဆောင်မှုနှင့် သက်ဆိုင်သည်ကို မသေချာပါက သက်ဆိုင်ရာ ပြင်ပအဖွဲ့အစည်းထံ ဆက်သွယ်ပါ။

WeChat မူဝါဒများ

အောက်ဖော်ပြပါမူဝါဒများမှာ WeChat အား အသုံးပြုရာ၌ လိုက်နာရမည့် ထပ်လောင်းစည်းမျဉ်းများ ဖြစ်ပါသည်-

သတ်မှတ်ထားသော WeChat အင်္ဂါရပ်များနှင့်သက်ဆိုင်သော စည်းမျဉ်းများ

WeChat အတွင်း သို့မဟုတ် မှတဆင့် အသုံးပြုနိုင်သော ဝန်ဆောင်မှုနှင့် အင်္ဂါရပ်အချို့တွင် ၎င်းတို့အား အသုံးပြုမှုအတွက် ထပ်လောင်းစည်းမျဉ်းများ ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများနှင့် အင်္ဂါရပ်များကို အသုံးပြုရာ၌ သင်သည် အဆိုပါထပ်လောင်းစည်းမျဉ်းများ (ထို့အပြင် ဤစည်းမျဉ်းများ) ကို လိုက်နာရမည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုနှင့်စပ်လျဉ်းသော ထပ်လောင်းစည်းမျဉ်းများတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-

နိုင်ငံဆိုင်ရာ ထပ်လောင်း သီးသန့်စည်းမျဉ်းများ

အကယ်၍ သင်သည် အောက်ပါနိုင်ငံများ၏ နိုင်ငံသား သို့မဟုတ် အမြဲတမ်း နေထိုင်သူတစ်ဦးဖြစ်ပါက အောက်ပါ နိုင်ငံဆိုင်ရာ ထပ်လောင်း သီးသန့်စည်းမျဉ်းများသည် သင်၏ WeChat အသုံးပြုမှုနှင့် သက်ဆိုင်မည်ဖြစ်သည်-

ကွဲလွဲမှုများ

နောက်စာပိုဒ်ပေါ် မူတည်ပြီး ဤစည်းမျဉ်းများ သို့မဟုတ် ထပ်လောင်းစည်းမျဉ်းများအတွင်း သီးခြားဖော်ပြထားခြင်းမရှိပါက - ဤစည်းမျဉ်းများနှင့် ထပ်လောင်းစည်းမျဉ်းများ ကွဲလွဲမှုတွင် သက်ဆိုင်ရာ ထပ်လောင်းစည်းမျဉ်းများကို အတည်ယူမည်ဖြစ်သည်။

ပြောင်းလဲမှုများ

ကျွန်ုပ်တို့သည် ဤစည်းမျဉ်းများ (နှင့် သက်ဆိုင်ရာ ထပ်လောင်းစည်းမျဉ်းများ) ကို အချိန်နှင့်အမျှ ပြောင်းလဲမည်ဖြစ်ပါသည် (ဥပမာ၊ WeChat၏ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများနှင့် ပြောင်းလဲမှုများကို ထင်ဟပ်စေရန် (ဥပမာ၊ လုံခြုံရေးပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကို အကြောင်းကြားရန်) သို့မဟုတ် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများ (ဥပမာ၊ သက်ဆိုင်ရာ စားသုံးသူအခွင့်အရေးများကို ထင်ဟပ်စေရန်))၊ ထို့ကြောင့် မှန်မှန်ပြန်လည်ဝင်ရောက်ပြီး ဤစည်းမျဉ်းများကို ပြန်လည်သုံးသပ်ပါ။

အဆိုပါပြောင်းလဲမှုများသည် အရေးကြီးသည်ဟု ကျွန်ုပ်တို့ယူဆပါက အဆိုပါပြောင်းလဲမှုများ အသက်မဝင်မီ ကျွန်ုပ်တို့သည် သင့်အား အသိပေး၊ အကြောင်းကြားမည်ဖြစ်သည် (ကျိုးကြောင်းဆီလျော်စွာပင် လက်တွေ့တွင်ဖြစ်နိုင်ပါက)(ဤစာမျက်နှာပေါ်တွင်၊ သို့မဟုတ် သက်ဆိုင်ရာ ထပ်လောင်းစည်းမျဉ်းများ သို့မဟုတ် မူဝါဒအတွက် သက်ဆိုင်သည့်စာမျက်နှာ၌ WeChat အက်ပ်မှတစ်ဆင့်၊ သင့်အား တိုက်ရိုက်ဆက်သွယ်ခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့်)။ ဤစည်းမျဉ်းများတွင် ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် WeChat ကို ဆက်လက်အသုံးပြုခြင်းဖြင့် သင်သည် ပြင်ဆင်လိုက်သော စည်းမျဉ်းများနှင့် စည်းနှောင်ပြီးဖြစ်ကြောင်း သဘောတူရာရောက်ပါသည်။

WECHAT တွင် ပြောင်းလဲမှုများ

WeChat နှင့် သုံးစွဲသူအတွေ့အကြုံများသည် အမြဲမပြတ် ပြောင်းလဲနေသောကြောင့် ကျွန်ုပ်တို့သည် အောက်ဖော်ပြတို့ကို ရံဖန်ရံခါ လုပ်ဆောင်မည်ဖြစ်ပါသည်-

အဆိုပါလုပ်ဆောင်ချက်များကို ကျွန်ုပ်တို့ အချိန်မရွေး လုပ်ဆောင်နိုင်ကြောင်း သင် သဘောတူထားပါသည်။ WeChat သို့မဟုတ် WeChat အတွင်း အသုံးပြုနိုင်သော ဝန်ဆောင်မှုများ သို့မဟုတ် အင်္ဂါရပ်များဆိုင်ရာ အဆိုပါပြောင်းလဲမှုများသည် လက်တွေ့ကျကျ အရေးကြီးသည်ဟု ကျွန်ုပ်တို့ယူဆပါက အဆိုပါပြောင်းလဲမှုများ အသက်မဝင်မီ ကျွန်ုပ်တို့သည် သင့်အား အသိပေး၊ အကြောင်းကြားမည်ဖြစ်သည် (ကျိုးကြောင်းဆီလျော်စွာပင် လက်တွေ့တွင်ဖြစ်နိုင်ပါက) (http://www.wechat.com မှတဆင့်၊ သင့်အား တိုက်ရိုက်ဆက်သွယ်ခြင်း၊ ဤစာမျက်နှာပေါ်တွင်၊ သို့မဟုတ် သက်ဆိုင်ရာ ထပ်လောင်းစည်းမျဉ်းများ သို့မဟုတ် မူဝါဒအတွက် သက်ဆိုင်သည့်စာမျက်နှာ၌ သို့မဟုတ် အခြားနည်းလမ်းများဖြင့်)။

သင့်အကောင့်

WeChat သို့ ဝင်ရောက်၍ အသုံးပြုနိုင်စေရန်အတွက် အကောင့်တစ်ခုကို ဖန်တီးရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့ထံတွင်ဖွင့်သော သင်၏ မည်သည့်အကောင့်မဆိုသည် သင်၏ကိုယ်ပိုင်ဖြစ်ပြီး လက်ဆောင်ပေးခြင်း၊ ချေးငှားခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် သင့်အကောင့်သို့ ဝင်ရောက်ရန် သို့မဟုတ် အသုံးပြုရန် အခြားသူတစ်ဦးအား ခွင့်ပြုခြင်းတို့ လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ထားပါသည်။ WeChat အတွင်း အသုံးပြုသော သင့်အကောင့်အမည်၊ အသုံးပြုသူ ID နှင့် အခြားသော အထောက်အထားများသည် ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုများဖြစ်ပြီး သင့်အကောင့်အား ကျွန်ုပ်တို့ သို ့မဟုတ် သင်မှ မည်သည့်အကြောင်းအရာဖြင့်မဆို ဆိုင်းငံ့လိုက်သည် သို ့မဟုတ် ပိတ်ပင်လိုက်သည်နှင့် ၎င်းတို ့ကို ကျွန်ုပ်တို ့က ပိတ်နိုင်၊ ပြန်သိမ်းနိုင်၊ ပြန်လည်အသုံးပြုနိုင်ပါသည်။

သင်သည် ဖော်ပြပါတို့အတွက် တာဝန်ရှိပါသည်- (က) သင့်အကောင့်နှင့် WeChat သို့ ဝင်ရောက်ရန် အသုံးပြုသော စကားဝှက်များအပါအဝင် သင့်အကောင့် အသေးစိတ်အချက်အလက်များ ဘေးကင်းစေရန်နှင့် (ခ) သင့်အကောင့်ဖြင့် လုပ်ဆောင်သော ဝယ်ယူမှုများနှင့်/သို့မဟုတ် ငွေပေးချေမှုဆိုင်ရာ တာဝန်ဝတ္တရားများအပါအဝင် သင့်အကောင့်ဖြင့် WeChat အသုံးပြုမှုများအားလုံး။ သင့်စကားဝှက် သို့မဟုတ် အကောင့် ထိပါးခံထားရသည်ဟု သိရှိပါက သို့မဟုတ် သံသယရှိပါက သင်သည် WeChat အက်ပ် အတွင်းရှိ "ကျွန်ုပ်" -> "ဆက်တင်များ" -> "အကူအညီနှင့် တုံ့ပြန်မှု" သို့ သွားရောက်ခြင်းဖြင့် သို့မဟုတ် http://help.wechat.com သို့ ၀င်ရောက်လည်ပတ်ခြင်းဖြင့် ကျွန်ုပ်တို့အား ချက်ချင်း အသိပေး၊ အကြောင်းကြားရမည်ဖြစ်သည်။ သင့်အကောင့် သို့မဟုတ် စကားဝှက် ထိပါးခံရခြင်းနှင့် စပ်လျဉ်းသည့် တရားဝင်၊ ချက်ချင်းပေးပို့သော အသိပေးချက်ကို ကျွန်ုပ်တို့ရရှိသည့်အခါမှလွဲ၍ ကျွန်ုပ်တို့သည် WeChat ရှိ သင့်အကောင့်အသုံးပြုမှုများအားလုံးကို သင်ဟု မှတ်ယူမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် Facebook သို့မဟုတ် Apple ကဲ့သို့သော ပြင်ပအဖွဲ့အစည်း ပလပ်ဖောင်းများက ဆောင်ရွက်ပေးသော အကောင့်ဝင်ခြင်း လုပ်ဆောင်ချက်များကို အသုံးပြု၍ WeChat တွင် မှတ်ပုံတင်ခွင့်ပြုသည့်အပြင် အကောင့်ဝင်ခွင့်လည်းပြုပါသည်။ အဆိုပါလုပ်ဆောင်ချက်များအား သင်၏အသုံးပြုမှုနှင့်အပ်စပ်သော သက်ဆိုင်သည့် ပြင်ပအဖွဲ့အစည်း ပလပ်ဖောင်း၏ စည်းမျဉ်းစည်းကမ်းများ (ဤစည်းမျဉ်းများအပြင်) ကို လိုက်နာရန် သဘောတူညီရပါသည်။

ပုံမှန်ကြေးများနှင့် အကြောင်းအရာ ဝယ်ယူမှုများ

ရံဖန်ရံခါတွင် WeChat အတွင်းရှိ အချို့သော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများသည် အခကြေးငွေကျသင့်နိုင်ပါသည် (WeChat ၏ ပြဋ္ဌာန်းချက် သို့မဟုတ် WeChat အတွင်းရှိ အချို့သော ထပ်လောင်းအင်္ဂါရပ်များဆိုင်ရာ ပြဋ္ဌာန်းချက်အတွက် အပါအဝင်) ကျွန်ုပ်တို့သည် အဆိုပါငွေပေးချေမှုများနှင့်စပ်လျဉ်းသည့် ထပ်လောင်းစည်းမျဉ်းများကို သတ်မှတ်သွားမည်ဖြစ်သည် (ငွေပြန်အမ်းမှုများ (ရှိပါက)၊ ဘေလ်ပေးဆောင်ခြင်းဆိုင်ရာ စီစဉ်မှုများနှင့် အချိန်မီမပေးဆောင်နိုင်ခြင်း၏ အကျိုးဆက်များနှင့်ဆက်စပ်သော စည်းမျဉ်းများအပါအဝင်)။ သင်သည် ယင်းထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် ကျွန်ုပ်တို့ထံ သင်၏ငွေပေးချေမှုများနှင့်စပ်လျဉ်းသည့် စည်းမျဉ်းများအားလုံးကို လိုက်နာရမည်ဖြစ်သည်။ အဆိုပါငွေပေးချေမှုများနှင့်စပ်လျဉ်းသော အခကြေးငွေများနှင့် အခွန်အခများအတွက် သင့်တွင်သာ တာဝန်ရှိကြောင်း သဘောတူရမည်ဖြစ်သည်။ ထို့အပြင် ပစ္စည်းများနှင့် ထုတ်ကုန်များ၏ ဈေးနှုန်းနှင့် ရရှိနိုင်မှုသည် အချိန်မရွေး ပြောင်းလဲသွားနိုင်ပါသည်။

ယင်းထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများသည် အလိုအလျောက်၊ ထပ်ဖန်တလဲလဲ ပေးဆောင်ရသည့် သို့မဟုတ် ပုံမှန်ပေးဆောင်ရသည့် အခကြေးငွေများနှင့် သက်ဆိုင်ပါက သင်သည် အောက်ဖော်ပြပါတို့ကို သဘောတူညီရပါမည် (သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာရပါမည်)-

WeChat အတွင်း ထုတ်ပြန်ကြေငြာသည့် မည်သည့်အချိန်၌မဆို WeChat (သို့မဟုတ် WeChat ၏ အစိတ်အပိုင်းများ) အတွက် အခကြေးငွေများကို ကျွန်ုပ်တို့ ကောက်ခံနိုင်ပါသည်။ ဤအခကြေးငွေများဆိုင်ရာ ပြောင်းလဲမှုကို လက်မခံပါက ကျွန်ုပ်တို့သည် WeChat (သို့မဟုတ် WeChat ၏ သက်ဆိုင်ရာအစိတ်အပိုင်း) ကို သင့်ထံ ပေးဆောင်နိုင်မည်မဟုတ်ပါ။

WECHAT အတွင်းရှိ သီးခြားပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အဆိုပါစည်းမျဉ်းများတွင် ကျွန်ုပ်တို့က တစ်မျိုးတစ်မည်ဖော်ပြထားခြင်းမရှိပါက မဖြစ်မနေလိုက်နာဆောင်ရွက်ရသော သက်ဆိုင်ရာဥပဒေများနှင့် စည်းမျဉ်းများအရ မည်သည့်အခြေအနေ၌မဆို ကျွန်ုပ်တို့သည် WECHAT အတွင်းရှိ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ (အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ) သင် ကျွန်ုပ်တို့ထံပေးဆောင်သည့် မည်သည့်ငွေပေးချေမှုအတွက်မျှ ငွေပြန်အမ်းပေးရန် လိုအပ်မည်မဟုတ်ပါ။

ကျွန်ုပ်တို့ သင့်အား ငွေမှားယွင်းကောက်ခံခဲ့သည်ဟု ယူဆပါက သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ- (က) သင်သည် အဆိုပါငွေကောက်ခံသည့်နေ့ရက်မှ ရက်ပေါင်း (၃၀) အတွင်း ကျွန်ုပ်တို့ထံ ဆက်သွယ်ရပါမည်၊ ထို့အပြင် (ခ) အဆိုပါရက် ၃၀ နောက်ပိုင်းကာလတွင် မည်သည့်မှားယွင်းကောက်ခံမှုအတွက်မျှ ငွေပြန်အမ်းပေးမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ပြင်ပအဖွဲ့အစည်း၏ဝန်ဆောင်မှုမှတဆင့် WeChat အတွင်းတွင် သင့်ထံမှ ငွေပေးချေမှုများကို စီမံဆောင်ရွက်မည်ဖြစ်ပြီး သင့်ငွေပေးချေမှုများကို စီမံဆောင်ရွက်ရန်အလို့ငှာ သင်၏ဆီလျော်သော အချက်အလက်များကို အဆိုပါပြင်ပအဖွဲ့အစည်းများထံ ဖော်ပြမည်ဖြစ်သည်။ အောက်ပါ "ပြင်ပအဖွဲ့အစည်း၏ အကြောင်းအရာနှင့် ဝန်ဆောင်မှုများ" တွင် ထပ်လောင်းဖော်ပြထားသည့်အတိုင်း ငွေပေးချေမှု စီမံဆောင်ရွက်ရေး ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ ပြင်ပအဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် သဘောတူရမည်ဖြစ်သည်။

သင်၏အကြောင်းအရာ

ဒေတာ၊ အချက်အလက်၊ မီဒီယာတစ်စုံတစ်ရာ သို့မဟုတ် သင်၏ WeChat အသုံးပြုမှုနှင့်စပ်လျဉ်းသည့် အခြားသော အကြောင်းအရာများကို တင်သွင်းသောအခါ၊ တင်သောအခါ၊ ပေးပို့သောအခါ သို့မဟုတ် ပြသသောအခါတွင် ("သင်၏အကြောင်းအရာ")၊ သင်သည် အောက်ဖော်ပြပါတို့ကို နားလည်သဘောပေါက်ပြီး သဘောတူရပါမည်-

ထို့အပြင် သင်သည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများကို (ဤစည်းမျဉ်းများ၊ ကျွန်ုပ်တို့၏ WeChat ကိုယ်ရေးလုံခြုံမှု မူဝါဒ နှင့် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ) ဖော်ပြပါအခြေအနေများအတွက် ခွင့်ပြုကြောင်း သဘောတူရပါမည်-

သင့်အကြောင်းအရာကို သင် WeChat မှ ဖျက်လိုက်လျှင်တောင်မှ ယင်းမှာ နည်းပညာပိုင်းဆိုင်ရာနှင့် စီမံကြီးကြပ်ရေးကိစ္စရပ်တစ်ခုအနေဖြင့် အချိန်အချို့ ကြာမြင့်နိုင်ကြောင်း သို့မဟုတ် ဖျက်၍မရဖြစ်နိုင်ကြောင်း နားလည်သဘောပေါက်ရပါမည် - ဥပမာ၊ WeChat မှတဆင့် သင် လူသိရှင်ကြားဖော်ပြခဲ့သော သင့်အကြောင်းအရာတစ်စုံတစ်ရာကို ပြင်ပအဖွဲ့အစည်းတစ်ခုခုက သိမ်းဆည်းမထားစေရန် သို့မဟုတ် အသုံးမပြုစေရန် ကျွန်ုပ်တို့က တားဆီးပေးနိုင်မည်မဟုတ်ပါ။ သင့်အကြောင်းအရာနှင့်ဆက်စပ်သော သင်၏အခွင့်အရေးများဆိုင်ရာ ထပ်လောင်းအချက်အလက်များကို ကျွန်ုပ်တို့၏ WeChat ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားပါသည်။

ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်အရ မသင့်လျော်ခြင်းကြောင့်၊ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများအရ လိုအပ်သောကြောင့် သို့မဟုတ် မူပိုင်ခွင့် မူဝါဒ နှင့် WeChat လက်ခံထားသော သုံးစွဲမှုမူဝါဒအရ အပါအဝင် အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် သင့်အကြောင်းအရာအား ပိတ်ဆို့ခွင့် သို့မဟုတ် ဖယ်ရှားခွင့် ကျွန်ုပ်တို့ထံတွင် ရှိပါသည်။ WeChat ပေါ်တွင် သင့်အကြောင်းအရာ၏ မြင်သာမှု၊ အခြေအနေ သို့မဟုတ် အဆင့်ကိုဆုံးဖြတ်ခွင့် ကျွန်ုပ်တို့ထံတွင် ရှိပါသည်။

သင့်အကြောင်းအရာအတွက် တာဝန်ရှိမှု

သင့်အကြောင်းအရာအတွက် သင့်တွင်သာ တာဝန်ရှိပါသည်။ သင့်အကြောင်းအရာ၏ အရန်အဖြစ် ကူးယူထားသောဖိုင်အား ထိန်းသိမ်းထားရန် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ - အရန်ကူးယူထားသော မိတ္တူဖိုင်ကို အချိန်ပြည့်သိမ်းထားရန် သင့်အား အကြံပြုလိုပါသည်။

သင်သည် အမြဲတစေ ဤအချက်များကို သေချာစေရပါမည်- (က) သင့်တွင် သင့်အကြောင်းအရာကို ကူးယူရန်၊ စီမံဆောင်ရွက်ရန်၊ တစ်ဆင့်ပေးပို့ရန်၊ ဝင်ရောက်ကြည့်ရှုရန်၊ ထုတ်ဝေရန် နှင့် အသုံးပြုရန်အပြင် ဤစည်းမျဉ်းများတွင် ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့နှင့် အခြားသော ပြင်ပအဖွဲ့အစည်းများအား အခွင့်အရေးများ ပေးအပ်ရန် လိုအပ်သော အခွင့်အရေးများရှိကြောင်းနှင့် (ခ) သင့်အကြောင်းအရာ (နှင့် ဤစည်းမျဉ်းများနှင့်အညီ သင့်အကြောင်းအရာအား ကျွန်ုပ်တို့ အသုံးပြုမှု) သည် သက်ဆိုင်ရာ ဥပဒေများ သို့မဟုတ် စည်းမျဉ်းများ သို့မဟုတ် လူတစ်ဦးတစ်ယောက်၏အခွင့်အရေးများကို ထိပါး သို့မဟုတ် ချိုးဖောက်ရာမရောက်ကြောင်း။

အခွင့်အရေးများအား ထိပါးချိုးဖောက်မှု

ကျွန်ုပ်တို့သည် အင်တာနက်ဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်သော Digital Millennium Copyright Act (ဒစ်ဂျစ်တယ် ထောင်စုနှစ် မူပိုင်ခွင့်အက်ဥပဒေ) ပါ ပြဋ္ဌာန်းချက်များ (17 U.S.C. §512၊ ပြင်ဆင်ထားသည့်အတိုင်း) ("DMCA") ကို လိုက်နာပါသည်။ အကယ်၍ သင့်ထံတွင် WeChat ၌တင်ခဲ့သော အကြောင်းအရာတစ်စုံတစ်ရာနှင့်စပ်လျဉ်းသည့် တိုင်ကြားမှုနှင့် ဆက်စပ်နေသော မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများရှိပါက ကျွန်ုပ်တို့၏ မူပိုင်ခွင့် မူဝါဒတွင် ဖော်ပြထားသော ညွှန်ကြားချက်များကို လိုက်နာပါ။

ပြင်ပအဖွဲ့အစည်း၏ အကြောင်းအရာနှင့် ဝန်ဆောင်မှုများ

အထွေထွေ

သင် WeChat ကို အသုံးပြုသောအခါတွင် အရင်းအမြစ်မျိုးစုံမှ အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည် - ယင်းမှာ WeChat ၏ အခြားသုံးစွဲသူများတင်ထားသော အကြောင်းအရာ၊ Weixin Official Account များ သို့မဟုတ် Mini Program များကို စီမံဆောင်ရွက်သော ပြင်ပအဖွဲ့အစည်းများက စီစဉ်သော အကြောင်းအရာ၊ ပြင်ပအဖွဲ့အစည်းများ ပြင်ဆင်ထားသော ကြော်ငြာများတွင် သင်တွေ့မြင်ရသော အကြောင်းအရာ သို့မဟုတ် WeChat အသုံးပြုရာတွင် အသုံးပြုနိုင်သည့် သို့မဟုတ် အသုံးပြုခွင့်ရရှိသည့် အခြားသောပြင်ပအဖွဲ့အစည်း၏ အကြောင်းအရာများ ဖြစ်နိုင်ပါသည် (အဆိုပါအကြောင်းအရာများအားလုံးကို ခြုံငုံ၍ "ပြင်ပအဖွဲ့အစည်း၏ အကြောင်းအရာ" ဟု ရည်ညွှန်းပါသည်)။

ပြင်ပအဖွဲ့အစည်း၏ အကြောင်းအရာများအားလုံးသည် ကျွန်ုပ်တို့၏မူဝါဒများအပြင် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် ကိုက်ညီရမည်ဖြစ်သည်။ ပြင်ပအဖွဲ့အစည်း၏အကြောင်းအရာနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ တိုင်ကြားချက်ရရှိပါက သို့မဟုတ် စိုးရိမ်ပူပန်ကြခြင်းကို သတိပြုမိပါက အဆိုပါ ပြင်ပအဖွဲ့အစည်း၏အကြောင်းအရာကို ပြန်လည်သုံးသပ်မည်ဖြစ်သည်။ ပြင်ပအဖွဲ့အစည်း၏ အကြောင်းအရာသည် ကျွန်ုပ်တို့၏မူဝါဒများနှင့် ကိုက်ညီကြောင်း သေချာစေရန်အတွက် စီမံချက်များကို ဆောင်ရွက်မည်ဖြစ်သည် သို့မဟုတ် အကယ်၍ ၎င်းသည် ကျွန်ုပ်တို့၏မူဝါဒများကို ချိုးဖောက်သည်ဟု ယူဆပါက အဆိုပါအကြောင်းအရာကို ဖယ်ရှားမည်ဖြစ်သည် သို့မဟုတ် ပြသရန် သို့မဟုတ် ၎င်းထံသို့ ရောက်ရှိနိုင်မည့်လင့်ခ်ကိုပေးရန် ငြင်းဆိုမည်ဖြစ်သည်။ ဥပမာ၊ ပြင်ပအဖွဲ့အစည်း၏အကြောင်းအရာသည်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ထိပါးချိုးဖောက်သည်ဟု ကျွန်ုပ်တို့ ယူဆပါက သို့မဟုတ် စွပ်စွဲခံရပါက၊ ညစ်ညမ်းသည်၊ အသရေပျက်စေသည် သို့မဟုတ် ရုန့်ရင်းကြမ်းတမ်းသည်ဟု ယူဆပါက၊ အခွင့်အရေးတစ်စုံတစ်ရာကို ချိုးဖောက်ပါက သို့မဟုတ် WeChat ၏လုံခြုံရေး သို့မဟုတ် စွမ်းဆောင်ရည်အပေါ် အန္တရာယ်ကျရောက်စေပါက၊ အစရှိသည်တို့ ဖြစ်နိုင်ပါသည်။

ပြင်ပအဖွဲ့အစည်း၏ အကြောင်းအရာထံသို့ ဝင်ရောက်ကြည့်ရှုသောအခါ၊ အသုံးပြုသောအခါ သို့မဟုတ် ဝယ်ယူအားပေးသောအခါတွင် သင့်ဆန္ဒအလျောက်သာ လုပ်ဆောင်သင့်ပါသည်။ ပြင်ပအဖွဲ့အစည်း၏ အကြောင်းအရာကို မတင်မီ ကျွန်ုပ်တို့သည် ယင်းတို့ကို ကြည့်ရှုသုံးသပ်ခြင်းမပြုနိုင်သောကြောင့် ပြင်ပအဖွဲ့အစည်း၏အကြောင်းအရာသည် မတိကျကြောင်း၊ အထင်အမြင်မှားစေကြောင်း၊ အသရေပျက်စေကြောင်း၊ စော်ကားပုတ်ခတ်ကြောင်း သို့မဟုတ် ဥပဒေနှင့်မညီကြောင်း တွေးထင်ယူဆပါက ကျွန်ုပ်တို့ထံ ချက်ချင်းအသိပေးပါ။ ပြင်ပအဖွဲ့အစည်း၏အကြောင်းအရာအပြင် သင်လွှင့်တင်ခြင်းမဟုတ်သော WeChat မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်သည့် အခြားသော သတင်းအချက်အလက်များနှင့် အကြောင်းအရာတို့ကို ပြင်ပအဖွဲ့အစည်းက မပိုင်ဆိုင်ကြောင်းနှင့် အကြောင်းအရာကို WeChat ပေါ်တွင် ဝင်ရောက်ကြည့်ရှုခဲ့ခြင်းသည် သင့်တွင် အဆိုပါအကြောင်းအရာနှင့်စပ်လျဉ်း၍ မည်သည့်အခွင့်အရေးမျှမရှိကြောင်း သတိပြုစေလိုပါသည်။ WeChat အသုံးပြုသောအခါတွင် အခြားသူများ၏အခွင့်အရေးများကို အမြဲတစေ လေးစားသင့်ပါသည် - အကယ်၍ သင်သည် အကြောင်းအရာကို နည်းလမ်းတစ်မျိုးဖြင့် အသုံးပြုလိုပါက အမြဲတစေ သက်ဆိုင်ရာ အခွင့်အရေးလက်ဝယ်ရှိသူထံမှ ခွင့်ပြုချက် တောင်းခံသင့်ပါသည်။

WeChat ပလပ်ဖောင်းသည်လည်း Weixin Mini Programs Platform တွင် အသုံးပြုနိုင်သော Mini Program များ၊ Official Account များ၊ WeChat မှတဆင့် ဖော်ပြထားသော၊ တွေ့ရှိနိုင်သော၊ ကြော်ငြာထားသော သို့မဟုတ် ချိတ်ဆက်ထားသောဝက်ဆိုက် များ (WeChat ၏ ဆက်စပ်ပလပ်ဖောင်းများ သို့မဟုတ် ဝန်ဆောင်မှုများ အပါအဝင်) နှင့် ပြင်ပအဖွဲ့အစည်းများက စီမံထားသော သို့မဟုတ် ကြော်ငြာထားသော အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကဲ့သို့သော - ပြင်ပအဖွဲ့အစည်း ထုတ်ကုန်များနှင့် ဝန်ဆောင်မှုမျိုးစုံသို့ ဝင်ရောက်ကြည့်ရှုခွင့်ကို ပေးစွမ်းပါသည်။ အဆိုပါထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်ဝက်ဆိုက်များကို ပြင်ပအဖွဲ့အစည်းများက စီမံခြင်းဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့၏အရည်အသွေး၊ ယုံကြည်စိတ်ချရမှု သို့မဟုတ် သင့်လျော်မှုတို့ကို အာမမခံနိုင်ပါ။ အကယ်၍ သင်သည် အဆိုပါ ပြင်ပအဖွဲ့အစည်း၏ ကမ်းလှမ်းချက်များကို အသုံးပြုပါက သို့မဟုတ် တုံ့လှယ်ပါက အဆိုပါကမ်းလှမ်းချက်များအား သင်၏အသုံးပြုမှု သို့မဟုတ် အဆိုပါပြင်ပအဖွဲ့အစည်းများနှင့် သင်၏ဆက်ဆံရေး (ယင်းပြင်ပအဖွဲ့အစည်း၏ ကမ်းလှမ်းချက်များကို အသုံးပြုရာတွင်ရှိလာသည့် ငွေပေးချေမှုဆိုင်ရာ တာဝန်များ သို့မဟုတ် အခကြေးငွေများ အပါအဝင်) အတွက် ကျွန်ုပ်တို့ထံတွင် တာဝန်မရှိသောကြောင့် ထိုကမ်းလှမ်းချက်ကို စီမံဆောင်ရွက်သော သက်ဆိုင်ရာ ပြင်ပအဖွဲ့အစည်းထံသို့သာ မေးမြန်းလိုသည်များ၊ တိုင်ကြားချက်များ သို့မဟုတ် စုံစမ်းမှုများကို ပေးပို့သင့်ပါသည်။

ပြင်ပအဖွဲ့အစည်းများက ပေးဆောင်သော ကမ်းလှမ်းချက်များ သို့မဟုတ် ပြင်ပအဖွဲ့အစည်း၏ အကြောင်းအရာများသည် အဆိုပါပြင်ပအဖွဲ့အစည်းထံမှ ထပ်လောင်းစည်းမျဉ်းများနှင့် သက်ဆိုင်မှုရှိမည်ဖြစ်သည် - ဥပမာ၊ အဆိုပါအကြောင်းအရာ သို့မဟုတ် ဝန်ဆောင်မှုကို မူရင်းထုတ်လုပ်သည့် သို့မဟုတ် ဖန်တီးသည့် သက်ဆိုင်ရာ ပြင်ပအဖွဲ့အစည်း၏စည်းမျဉ်းများ၊ WeChat ပေါ်တွင် လုပ်ဆောင်သော ကြော်ငြာလှုပ်ရှားမှုများနှင့်စပ်လျဉ်းသည့် စည်းမျဉ်းများ၊ ပြင်ပအဖွဲ့အစည်းက စီမံဆောင်ရွက်ပေးသော WeChat သို့ အကောင့်ဝင်ခြင်းလုပ်ဆောင်ချက်ကို အသုံးပြုမှုနှင့်စပ်လျဉ်းသည့် စည်းမျဉ်းများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းက စီမံဆောင်ရွက်ပေးသော Mini Program များအား အသုံးပြုခြင်းအပေါ် လွှမ်းမိုးသည့် စည်းမျဉ်းများ။ အဆိုပါ ပြင်ပအဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများကို သုံးသပ်ကြည့်ရှုပြီး လိုက်နာရန်မှာ သင်၏တာဝန်သာ ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဤစည်းမျဉ်းများနှင့်အညီ WeChat အတွင်း အသုံးပြုနိုင်သော အကြောင်းအရာများ၊ ပရိုဂရမ်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများ (WeChat ၏ဆက်စပ်ပလပ်ဖောင်းများ သို့မဟုတ် ဝန်ဆောင်မှုများ အပါအဝင်) ကို သင့်အားအသိမပေးဘဲ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ဖယ်ရှားခွင့်ရှိပါသည်။

WEIXIN နှင့် အချက်အလက်ဖလှယ်နိုင်စွမ်း

WeChat သည် Weixin နှင့် အချက်အလက်များ ဖလှယ်နိုင်သောကြောင့် သင်သည် Weixin သုံးစွဲသူများနှင့် ဆက်သွယ်နိုင်ပြီး သက်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီ အခိုက်အတန့်များနှင့် အခြေအနေတို့ကို အချင်းချင်းကြည့်ရှုနိုင်မည်ဖြစ်သည်။ Weixin က စီမံလုပ်ဆောင်သော အင်္ဂါရပ်အချို့ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ Weixin က စီမံဆောင်ရွက်သော အင်္ဂါရပ်များစာရင်းကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ သင် Weixin သုံးစွဲသူတစ်ဦးနှင့် တုံ့လှယ်ဆက်ဆံသောအခါ သို့မဟုတ် Weixin က စီမံဆောင်ရွက်သော အင်္ဂါရပ်အချို့ကို အသုံးပြုသောအခါ သို့မဟုတ် အင်္ဂါရပ်အချို့မှ အသိပေးချက်များ ရရှိသောအခါတွင် (“အပြန်အလှန် အချက်အလက်ဖလှယ်နိုင်စွမ်း”နှင့်တကွ) အဆိုပါ Weixin သုံးစွဲသူများသည် ဤစည်းမျဉ်းများနှင့် သက်ဆိုင်မည်မဟုတ်ဘဲ ထိုအစား Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ နှင့် *Weixin အကောင့် အသုံးပြုမှုဆိုင်ရာ စံချိန်စံညွှန်းများ *သက်ဆိုင်ပြီး ဆိုလိုသည်မှာ သင်၏အပြန်အလှန် အချက်အလက်ဖလှယ်နိုင်စွမ်း အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည့်အတိုင်းအတာအထိ Weixin နှင့် သင်၏အချက်အလက်များကို မျှဝေမည်ဖြစ်ပြီး Weixin က အဆိုပါစည်းမျဉ်းများ သို့မဟုတ် WeChat ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော နေရာ၌ မတူညီသောနည်းလမ်းဖြင့် ထိန်းသိမ်းထားရှိခြင်း၊ မျှဝေခြင်း နှင့်/သို့မဟုတ် သိမ်းဆည်းခြင်း ပြုလုပ်နိုင်ပါသည်။ Weixin လည်ပတ်ဆောင်ရွက်ပုံနှင့် အချက်အလက်များအား Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ နှင့် Weixin ကိုယ်ရေးကိုယ်တာ ကာကွယ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များတွင် ဖတ်ရှုနိုင်ပါသည်။ ထို့အပြင် Weixin အသုံးပြုသူများနှင့် သင့်အကြား ပြောဆိုဆက်သွယ်မှုကြောင့် အဆိုပါ Weixin အသုံးပြုသူများကို Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ *Weixin အကောင့် အသုံးပြုမှုဆိုင်ရာ စံချိန်စံညွှန်းများ * နှင့် အခြားသက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းဥပဒေများကို ချိုးဖောက်မှုများ ဖြစ်လာနိုင်ပါက Weixin သည် ၎င်း၏ဆုံးဖြတ်ချက်အလျောက် Weixin အသုံးပြုသူများကို WeChat အသုံးပြုသူများနှင့် ပြောဆိုဆက်သွယ်မှုများကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း အပါအဝင် Weixin တွင် WeChat သုံး၍ အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်မှုကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ လုပ်နိုင်သည်။

Weixin Official Account များနှင့် Mini Program များ

WeChat မှတဆင့် ဝင်ရောက်နိုင်သော Weixin Official Account နှင့် Weixin Mini Program လုပ်ဆောင်ချက်များသည် Weixin က စီမံဆောင်ရွက်ပေးသော တရုတ်ပြည်မကြီး ဝန်ဆောင်မှုများ ဖြစ်ပါသည်။ အဆိုပါ Official Account များနှင့် Mini Program များရှိ အကြောင်းအရာကို WeChat သို့မဟုတ် Weixin နှင့်မသက်ဆိုင်သော ပြင်ပအဖွဲ့အစည်းများက စာရင်းသွင်းကာ ဖန်တီးပြီး စီမံဆောင်ရွက်သည့်အပြင် ပိုင်ဆိုင်ပါသည် (သက်ဆိုင်ရာ Official Account သို့မဟုတ် Mini Program တွင် တစ်မျိုးတစ်မည်ဖော်ပြထားခြင်းမရှိပါက)။ အဆိုပါ Official Account များနှင့် Mini Program များနှင့် တုံ့လှယ်သောအခါတွင် သက်ဆိုင်ရာ Official Account များနှင့် Mini Program များအား အသုံးပြုမှုသည် သက်ဆိုင်ရာ Official Account သို့မဟုတ် Mini Program အတွက် အဆိုပါ ပြင်ပအဖွဲ့အစည်း ပရိုဂရမ်ရေးဆွဲသူများ၏ ကိုယ်ပိုင်စည်းမျဉ်းများနှင့် သက်ဆိုင်ပြီး ဤစည်းမျဉ်းများနှင့် သက်ဆိုင်ခြင်းမရှိပါ။

Weixin Pay

အကယ်၍ သင်သည် Weixin Pay သုံးစွဲသူတစ်ဦးဖြစ်ပါက သင်သည် WeChat ပလပ်ဖောင်းမှတဆင့် Weixin Pay သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ Weixin Pay ကို တရုတ်ပြည်မကြီး၌ လိုင်စင်ရရှိထားသော အဖွဲ့တစ်ဖွဲ့က စီမံလည်ပတ်ခြင်းဖြစ်ပြီး Weixin Pay ဝန်ဆောင်မှုအား အသုံးပြုခြင်းသည် Weixin Pay သုံးစွဲသူ ဝန်ဆောင်မှု သဘောတူညီမှုစာချုပ်နှင့် သက်ဆိုင်ပါသည်။

WECHAT ရှိ ကြော်ငြာအကြောင်းအရာ

WeChat တွင် ကြော်ငြာ သို့မဟုတ် စီးပွားရေးကြော်ငြာ အကြောင်းအရာများ ပါဝင်ပါသည်။ သင်သည် အောက်ဖော်ပြပါအခြေအနေတို့ကို သဘောတူရမည်ဖြစ်သည်- (က) ကျွန်ုပ်တို့သည် ကြော်ငြာ သို့မဟုတ် စီးပွားဖြစ်ကြော်ငြာ အကြောင်းအရာများကို WeChat တွင် ပေါင်းထည့်ခြင်း၊ ဖော်ပြခြင်းနှင့် တစ်နည်းအားဖြင့် ဆက်သွယ်ခြင်း လုပ်ဆောင်မည်ဖြစ်ပြီး (ကျိုးကြောင်းဆီလျော်စွာ လက်တွေ့ ခွဲခြားရွေးထုတ်နိုင်သည့်နေရာ၌) အဆိုပါအကြောင်းအရာများကို ခွဲခြားရွေးထုတ်ပေးသွားမည်ဖြစ်သည်၊ ထို့အပြင် (ခ) ကျွန်ုပ်တို့၏ WeChat ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ပိုမို၍အသေးစိတ်ရှင်းပြထားသည့်အတိုင်းပင် ကြော်ငြာသည် သင်နှင့် ပိုမိုဆီလျော်ကာ အရေးပါစေရန်အတွက် ပစ်မှတ်ထား ကြော်ငြာခြင်းကို အသုံးပြုနိုင်ပါသည်။

ကျွန်ုပ်တို့၏ မူပိုင်ခွင့်ပိုင်ဆိုင်မှု အခွင့်အရေးများ

WeChat ရှိ သို့မဟုတ် ၏ မူပိုင်ခွင့်ဆိုင်ရာပိုင်ဆိုင်မှု အခွင့်အရေးများအားလုံးနှင့် WeChat ဆော့ဖ်ဝဲလ်များ (အဆိုပါ WeChat ဆော့ဖ်ဝဲလ်နှင့်သက်ဆိုင်သော နောင်တွင်ရှိလာနိုင်သည့် ပြုပြင်မွမ်းမံမှုများ၊ အဆင့်မြှင့်တင်မှုများနှင့် ဗားရှင်းအသစ်များအပါအဝင်) သည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အား လိုင်စင်ပေးသူများနှင့် ဆက်လက်၍ သက်ဆိုင်နေမည်ဖြစ်သည်၊ ဤစည်းမျဉ်းများတွင် ဖော်ပြထားသည့်အတိုင်းမှလွဲ၍ သင်သည် ကျွန်ုပ်တို့၏ ကုန်သွယ်မှုအမှတ်အသားများ သို့မဟုတ် ထုတ်ကုန်အမည်များ၊ အမှတ်တံဆိပ်များ၊ ဒိုမိန်းအမည်များ သို့မဟုတ် အခြားသော ထင်ရှားသည့် အမှတ်တံဆိပ်အင်္ဂါရပ်များအပါအဝင် ကျွန်ုပ်တို့၏မူပိုင်ခွင့်ဆိုင်ရာပိုင်ဆိုင်မှု အခွင့်အရေးများကို ကျွန်ုပ်တို့ထံမှ ခွင့်ပြုစာကြိုတင်မရယူထားဘဲ အသုံးပြုခွင့်မရှိပါ။ WeChat နှင့်စပ်လျဉ်း၍ သင်ပေးဆောင်သော ထင်မြင်ချက်များ သို့မဟုတ် အကြံပြုချက်များသည် သင်၏ဆန္ဒအလျှောက်သက်သက်သာဖြစ်ပြီး သင့်အား ငွေပေးချေရန် သို့မဟုတ် အခြားသော တာဝန်များယူပေးရန်မလိုဘဲ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် အဆိုပါထင်မြင်ချက်များနှင့် အကြံပြုချက်များကို အခမဲ့အသုံးပြုမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သင်၏ WeChat ("WeChat ဆော့ဖ်ဝဲလ်" ဖြစ်သော ဆော့ဖ်ဝဲလ်တစ်စုံတစ်ရာ) အား အသုံးပြုမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သို့မဟုတ် ယင်းအသုံးပြုမှုနှင့်စပ်လျဉ်း၍ သင့်အား အကန့်အသတ်ရှိသော၊ တစ်ကိုယ်ရည်သုံးဖြစ်သော၊ သီးသန့်မူပိုင်မဟုတ်သော၊ လိုင်စင်ခွဲမပေးနိုင်သော၊ မလွှဲပြောင်းနိုင်သော၊ အသုံးပြုခမပေးဆောင်ရသောယတိပြတ်ဖြစ်သော WeChat နှင့် ဆော့ဖ်ဝဲလ်တစ်စုံတစ်ရာအား အသုံးပြုခွင့်ကို ပေးအပ်ပါသည်၊ ထိုသို့ပေးအပ်ခြင်းမှာ ဤစည်းမျဉ်းများနှင့်အညီဖြစ်ပြီး သင်၏ WeChat နှင့်/သို့မဟုတ် WeChat ဆော့ဖ်ဝဲလ်အား ရံဖန်ရံခါအသုံးပြုမှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ သင့်အားဖော်ပြထားသော အခြားညွှန်ကြားချက်များနှင့် သက်ဆိုင်ပါသည်။ ဤစည်းမျဉ်းများတွင် WeChat ဆော့ဖ်ဝဲလ် (သို့မဟုတ် WeChat ဆော့ဖ်ဝဲလ်အတွင်းရှိ သတ်မှတ်အင်္ဂါရပ်များ) နှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအား ဖြည့်စွက်ထည့်သွင်းနိုင်ကြောင်း သတိပြုပါ။

သင်သည် WeChat ဆော့ဖ်ဝဲလ်ထံမှ မူပွားဖြစ်သောအရာများများကို ကူးယူခြင်း၊ မွမ်းမံခြင်း၊ ဖန်တီးခြင်း၊ ပရိုဂရမ်ကို ပြောင်းပြန်လှန်ခြင်း၊ တည်ဆောက်ဖန်တီးထားမှုကို ပြောင်းပြန်လှန်ခြင်း သို့မဟုတ် အရင်းအမြစ်ကုဒ်များကို ထုတ်ယူခြင်းများကို မလုပ်ဆောင်ရပါ၊ ထို့အပြင် သက်ဆိုင်ရာဥပဒေများ သို့မဟုတ် စည်းမျဉ်းများအောက်တွင် ကျွန်ုပ်တို့ သင့်အား တားမြစ်ကန့်သတ်ခြင်းမပြုသည့်အတိုင်းအတာအထိ သို့မဟုတ် သင် ကျွန်ုပ်တို့ထံမှ ခွင့်ပြုစာ ကြိုတင်ရယူထားသည့် အခြေအနေမှလွဲ၍ WeChat သို့မဟုတ် WeChat ဆော့ဖ်ဝဲလ်ကို ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ပြန်လည်ဖြန့်ချိခြင်း သို့မဟုတ် လိုင်စင်ခွဲပေးအပ်ခြင်း မပြုရပါ။ သက်ဆိုင်သည့် ဥပဒေများ သို့မဟုတ် စည်းမျဉ်းများက သင့်အား ပရိုဂရမ်ကို ပြောင်းပြန်လှန်ရန် သို့မဟုတ် WeChat ဆော့ဖ်ဝဲလ်မှ အရင်းအမြစ်ကုဒ်များကို ထုတ်ယူရန် ခွင့်ပြုပါက သင်လိုအပ်သော အချက်အလက်များကို တောင်းခံရန်အတွက် ကျွန်ုပ်တို့ထံ ဦးစွာ ဆက်သွယ်ရမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် WeChat ဆော့ဖ်ဝဲလ်တွင် အက်ပ်ဒိတ်များ ရံဖန်ရံခါ ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါအက်ပ်ဒိတ်များသည် အလိုအလျောက်ဖြစ်ပေါ်လာမည်ဖြစ်သည် သို့မဟုတ် သင်ကိုယ်တိုင်လုပ်ဆောင်ရမည်ဖြစ်သည်။ အဆင့်မြှင့်တင်မှုများ သို့မဟုတ် ဗားရှင်းအသစ်များကို မထည့်သွင်းထားပါက WeChat ဆော့ဖ်ဝဲလ်သည် ကောင်းမွန်စွာ သို့မဟုတ် လုံးဝအလုပ်လုပ်တော့မည်မဟုတ်ပါ။ WeChat ဆော့ဖ်ဝဲလ်များအတွက် အက်ပ်ဒိတ်များပေးရန် သို့မဟုတ် သင့်စက်ပစ္စည်း သို့မဟုတ် စနစ်တွင် အဆိုပါအက်ပ်ဒိတ်များ အလုပ်လုပ်ရန် ကျွန်ုပ်တို့ အာမမခံပါ။ ကျွန်ုပ်တို့က တစ်မျိုးတစ်မည် သီးသန့်ဖော်ပြထားသည့် အခါများမှ အပ WeChat ဆော့ဖ်ဝဲလ်နှင့်စပ်လျဉ်းသော အက်ပ်ဒိတ်တိုင်းသည် WeChat ဆော့ဖ်ဝဲလ်၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဤစည်းမျဉ်းများနှင့် သက်ဆိုင်မည်ဖြစ်သည်။

ဤစည်းမျဉ်းများဆိုင်ရာ ရည်ရွယ်ချက်များအတွက် "WeChat ဆော့ဖ်ဝဲလ်" တွင် WeChat ဆော့ဖ်ဝဲလ်အတွင်းရှိ အမျိုးအစားများ၊ အကြောင်းအရာများ သို့မဟုတ် လုပ်ဆောင်ချက်များ ("အမျိုးအစားများ") ပါဝင်ပါသည် - ဥပမာ၊ စတစ်ကာများ၊ ဂိမ်းများ သို့မဟုတ် WeChat အတွင်း ဒေါင်းလုဒ်လုပ်နိုင်သော အမျိုးအစားများနှင့် WeChat အတွင်း သင် ဝင်ရောက်ကြည့်ရှုနိုင်သော သို့မဟုတ် အသုံးပြုနိုင်သေ မည့်သည့်အကြာင်းအရာများမဆို ပါဝင်သည်။ သင်သည် အဆိုပါအမျိုးအစားများနှင့် သက်ဆိုင်သည့် ထပ်လောင်းစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။ အဆိုပါ ထပ်လောင်းစည်းမျဉ်းစည်းကမ်းများကို WeChat အတွင်း၊ ဤစည်းမျဉ်းများ၏နောက်ဆက်တွဲအတွင်းနှင့်/သို့မဟုတ် အခြားနည်းလမ်းဖြင့် သင့်အား အသိပေး၊ အကြောင်းကြားပါမည်။ ကျွန်ုပ်တို့သည် ရံဖန်ရံခါတွင် သက်ဆိုင်၊ အပ်စပ်သည့်အတိုင်း သင် "ပိုက်ဆံအစစ်" ဖြင့် ငွေပေးချေမှုပြုလုပ်ထားသော အမျိုးအစားများဆိုင်ရာ အကန့်အသတ်ရှိသော အသုံးပြုခွင့်ကို ပေးအပ်မည်ဖြစ်သည်။ သင်သည် အဆိုပါအမျိုးအစားများကို မပိုင်ဆိုင်ကြောင်းနှင့် ယင်းတို့နှင့်ဆက်စပ်သော ငွေပမာဏသည်လည်း ပိုက်ဆံအစစ် သို့မဟုတ် အလားတူ၏ လက်ကျန်ပမာဏကို ရည်ညွှန်းခြင်းမရှိကြောင်း အသိအမှတ်ပြုရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အဆိုပါအမျိုးအစားများကို WeChat မှ အချိန်မရွေး ထုတ်ပယ်နိုင်ပြီး အဆိုပါအခွင့်အရေးများအား ကျင့်သုံးသောအခါတွင် ကျွန်ုပ်တို့၌ သင့်အတွက် တာဝန်ရှိမည်မဟုတ်ပါ။

ဤစည်းမျဉ်းများ၏ ရည်ရွယ်ချက်အတွက် "WeChat ဆော့ဖ်ဝဲလ်" တွင် WeChat သို့မဟုတ် WeChat ဆော့ဖ်ဝဲလ်နှင့်ချိတ်ဆက်၍ အသုံးပြုနိုင်စေရန် ပြုလုပ်ပေးထားသော API များ ပါရှိပါသည်။ သင်သည် အဆိုပါ API များနှင့်သက်ဆိုင်သော ထပ်လောင်းစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။

WeChat အတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု ပေးစွမ်းရန်မှာ (အခမဲ့ဖြစ်စေ၊ အခကြေးငွေဖြင့်ဖြစ်စေ) ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မည်သည်ကိုမျှ အာမခံခြင်းမရှိဘဲ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုကို ပေးစွမ်းပြီး အမြဲတစေ ဤစည်းမျဉ်းများကို လိုက်နာပါသည်။

အကန့်အသတ်မဲ့ ဆော့ဖ်ဝဲလ်

အချို့သော WeChat ဆော့ဖ်ဝဲလ်တွင် "အကန့်အသတ်မဲ့" လိုင်စင်များကို လိုက်နာရသည့် ဆော့ဖ်ဝဲလ် ("အကန့်အသတ်မဲ့ ဆော့ဖ်ဝဲလ်") ပါဝင်နိုင်ပါသည်။ အဆိုပါအကန့်အသတ်မဲ့ ဆော့ဖ်ဝဲလ်ကို ကျွန်ုပ်တို့ အသုံးပြုထားသည့်နေရာတွင် အောက်ပါတို့ကို သတိပြုပါ-

သင့်စက်ပစ္စည်းအား WECHAT က အသုံးပြုခြင်း

ကျွန်ုပ်တို့ အနေဖြင့် သင့်အား WeChat ကို ပေးဆောင််််ရန် သင် WeChat သို့ ဝင်ရောက်ရာ၌ သင်အသုံးပြုလေ့ရှိသော စက်ပစ္စည်း (မိုဘိုင်းလ်ဖုန်း၊ တက်ဘ်လက် သို့မဟုတ် စားပွဲတင်ကွန်ပြူတာ) တို့ကို ကျွန်ုပ်တို့သည် အင်တာနက်မှ တဆင့် ဝင်ရောက် အသုံးပြုခွင့်ရရန် လိုအပ်ပါသည်။ ဥပမာ၊ သက်ဆိုင်ရာ WeChat ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်း ပြီးမြောက်စေရန်အတွက် ကျွန်ုပ်တို့သည် သင့်စက်ပစ္စည်း၏ ပရော်ဆက်ဆာနှင့် သိုလှောင်သိမ်းဆည်းနိုင်စွမ်းကို အသုံးပြုရန် လိုအပ်လိမ့် မည်ဖြစ်သည် သို့မဟုတ် WeChat အတွင်း တုံ့လှယ်ဆက်ဆံရေး လုပ်ဆောင်ချက်အချို့ကို ဆောင်ရွက်ပေးရန်အတွက် သင့်အဆက်အသွယ်စာရင်းသို့ ဝင်ရောက်ကြည့်ရှုခွင့် လိုအပ်မည်ဖြစ်ပါသည်။

WeChat သည် သင့်စက်ပစ္စည်းအား မည်ကဲ့သို့အသုံးပြုပြီး ဝင်ရောက်ကြည့်ရှုသည်နှင့် စပ်လျဉ်းသည့် ထပ်လောင်းအချက်အလက်များကို WeChat အတွင်း သို့မဟုတ် အခြားသောနည်းလမ်း (ဥပမာ သင့်စက်ပစ္စည်းတွင် WeChat ထည့်သွင်းခြင်းလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သက်ဆိုင်ရာ အက်ပ်စတိုးမှတဆင့်) ဖြင့် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သင်သည် ယင်းကဲ့သို့ ဝင်ရောက်ကြည့်ရှုခွင့်နှင့် သင့်စက်ပစ္စည်းအား အသုံးပြုခွင့်တို့ကို ကျွန်ုပ်တို့ထံ ပေးအပ်ကြောင်း သဘောတူရမည်ဖြစ်ပြီး ယင်းကဲ့သို့သော အသုံးပြုခွင့် သို့မဟုတ် ဝင်ရောက်ကြည့်ရှုခွင့်ကို ကျွန်ုပ်တို့အား မပေးအပ်ပါက ကျွန်ုပ်တို့သည် သင့်အတွက် WeChat (သို့မဟုတ် WeChat အတွင်းရှိ အချို့သော လုပ်ဆောင်နိုင်ချက်များ) ကို လုပ်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်းကို သိရှိနားလည်ရမည် ဖြစ်သည်။

သင့်စက်ပစ္စည်းအတွင်းကျွန်ုပ်တို့ အသုံးပြုသော သို့မဟုတ် ဝင်ရောက်ကြည့်ရှုသော ကိုယ်ရေးကိုယ်တာအချက်အလက်များ (WeChat ကိုယ်ရေးလုံခြုံမှု မူဝါဒ) ကို ကျွန်ုပ်တို့၏ WeChat ကိုယ်ရေးလုံခြုံမှု မူဝါဒအပါအဝင် ဤစည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။

သင်၏ WeChat အကောင့် သို့မဟုတ် WeChat အသုံးပြုမှုကို စစ်မှန်ကြောင်း သက်သေပြနိုင်ရန်အတွက် လုံလောက်သော အင်တာနက်ချိတ်ဆက်မှု လိုအပ်သည်။ WeChat ထဲတွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်း WeChat ထဲရှိ အချို့သော လုပ်ဆောင်ချက်များကို အသက်သွင်းရန်အတွက်လည်း လိုအပ်နိုင်ပါသည်။ သင်က ထိုလိုအပ်ချက်များကို မလေးစားမလိုက်နာပါက WeChat ထဲရှိ အချို့သော လုပ်ဆောင်ချက်များကို အသုံးပြု၍မရ ဖြစ်နိုင်ပါသည်။

သင်၏ WeChat သို့မဟုတ် WeChat ဆော့ဖ်ဝဲလ် အသုံးပြုမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော သင်ကျခံရမည့် မည်သည့်ပြင်ပအဖွဲ့အစည်းအခကြေးငွေ (သင်၏ အင်တာနက်နှင့် ဆက်သွယ်ပြောဆိုရေးဝန်ဆောင်မှုပေးသူများထံမှ မည်သည့်အခကြေးငွေများမဆို ပါဝင်သည်) အတွက်မဆို ကျွန်ုပ်တို့က တာဝန်ယူမည်မဟုတ်ကြောင်း မှတ်သားထားပါ။

ပြင်ပအဖွဲ့အစည်း ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်နိုင်မှု

သင်၏ WeChat အသုံးပြုမှုနှင့်စပ်ဆက်၍ သင် အသုံးပြုသော မည်သည့်ဆော့ဖ်ဝဲလ် (သင့်ကိုယ်ပိုင် ဆော့ဖ်ဝဲလ်ဖြစ်စေ ပြင်ပအဖွဲ့အစည်းများမှ ထောက်ပံ့ပေးသော ဆော့ဖ်ဝဲလ်ဖြစ်စေ) (Weixin ပရိုဂရမ်အသေးစားပလက်ဖောင်းတွင် ရရှိနိုင်သော ပရိုဂရမ်အသေးစားများကဲ့သို့ WeChat မှတဆင့် သင့်ထံသို့ရောက်အောင် ပြုလုပ်ပေးထားသော ပြင်ပအဖွဲ့အစည်းဆော့ဖ်ဝဲလ်တစ်ခုခု သို့မဟုတ် ဝန်ဆောင်မှုများအပါအဝင်) ("ပြင်ပအဖွဲ့အစည်းဆော့ဖ်ဝဲလ်") အတွက်မဆို သင့်တစ်ဦးတည်းထံတွင်သာ တာဝန်ရှိပါသည်။

သင်၏ ပြင်ပအဖွဲ့အစည်းဆော့ဖ်ဝဲလ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုတစ်စုံတစ်ရာအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိကြောင်း၊ တာဝန်ယူမည်မဟုတ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားစေလိုပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် မည်သည့်ပြင်ပအဖွဲ့အစည်းဆော့ဖ်ဝဲလ်၏ ယုံကြည်အားထားနိုင်မှု သို့မဟုတ် သင့်တော်ကောင်းမွန်မှု အတွက် အတည်ပြုခြင်း၊ ထောက်ခံခြင်း သို့မဟုတ် အာမခံပေးခြင်း မပြုလုပ်ပါ။ ပြင်ပအဖွဲ့အစည်းဆော့ဖ်ဝဲလ်နှင့်သက်ဆိုင်သော မည်သည့်စည်းမျဉ်းစည်းကမ်းများကိုမဆို သင် လေးစားလိုက်နာရပါမည်။

ကျွန်ုပ်တို့သည် မည်သည့်ပြင်ပအဖွဲ့အစည်းဆော့ဖ်ဝဲလ်အတွက် မျှ မည်သည့်နည်းပညာထောက်ပံ့မှုကိုမှ ပြုလုပ်မပေးပါ။ ယင်းကဲ့သို့သော နည်းပညာထောက်ပံ့မှုအတွက် သက်ဆိုင်ရာပံ့ပိုးပေးသည့် ပြင်ပအဖွဲ့အစည်းကို ဆက်သွယ်ပေးပါ။

သင်၏ WeChat အကောင့် သို့မဟုတ် WeChat အသုံးပြုမှုကို စစ်မှန်ကြောင်း သက်သေပြနိုင်ရန်အတွက် လုံလောက်သော အင်တာနက်ချိတ်ဆက်မှုတစ်ရပ် လိုအပ်သည်။ WeChat ထဲတွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်း WeChat ထဲရှိ အချို့သော လုပ်ဆောင်ချက်များကို အသက်သွင်းရန်အတွက်လည်း လိုအပ်နိုင်ပါသည်။ သင်က ထိုလိုအပ်ချက်များကို မလေးစားမလိုက်နာပါက WeChat ထဲရှိ အချို့သော လုပ်ဆောင်ချက်များကို အသုံးပြု၍မရ ဖြစ်နိုင်ပါသည်။

သင်၏ WeChat သို့မဟုတ် WeChat ဆော့ဖ်ဝဲလ် အသုံးပြုမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော သင်ကျခံရမည့် မည်သည့်ပြင်ပအဖွဲ့အစည်းအခကြေးငွေ (သင်၏ အင်တာနက်နှင့် ဆက်သွယ်ပြောဆိုရေးဝန်ဆောင်မှုပေးသူများထံမှ မည်သည့်အခကြေးငွေများမဆို ပါဝင်သည်) အတွက်မဆို ကျွန်ုပ်တို့က တာဝန်ယူမည်မဟုတ်ကြောင်း မှတ်သားထားပါ။

အာမခံမှုနှင့် မသက်ဆိုင်ကြောင်းရှင်းလင်းချက်

WeChat အသုံးပြုမှုအတွက် ကျိုးကြောင်းဆီလျော်သော စောင့်ရှောက်မှုနှင့် ကျွမ်းကျင်မှုကို ကူညီထောက်ပံ့ပေးမည်ဟု ကျွန်ုပ်တို့ အာမခံပါသည်။

ချမှတ်ထားသော ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်များက ခွင့်ပြုပေးထားသည့် အတိုင်းအတာထိဖြစ်သော ဤအာမခံချက်မှလွဲ၍ WECHAT (မည်သည့် WECHAT ဆော့ဖ်ဝဲလ်မဆို ပါဝင်သည်) ကို "အရှိအတိုင်း" နှင့် "ရှိနိုင်သည့်" အခြေခံအတိုင်း ထောက်ပံ့ပေးပါသည်၊ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများသည် WECHAT၊ WECHAT ဆော့ဖ်ဝဲလ် သို့မဟုတ် ဒေတာ၊ WECHAT မှ တင်ပြထားသော၊ ထုတ်လွှင့်ထားသော သို့မဟုတ် ဖော်ပြထားသော မီဒီယာ သို့မဟုတ် အကြောင်းအရာတို့နှင့်ပတ်သက်၍ မည်သည့် ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်း သို့မဟုတ် တာဝန်ယူဆောင်ရွက်ပေးခြင်းကို ပြုလုပ်မပေးပါ၊ (က) WECHAT သို့မဟုတ် WECHAT ဆော့ဖ်ဝဲလ်သည် အနှောင့်အယှက်ကင်းသည်၊ လုံခြုံစိတ်ချရသည်၊ ချို့ယွင်းချက်ကင်းသည် သို့မဟုတ် ဗိုင်းရမ်စ်ကင်းသည်ဟု ကိုယ်စားပြုခြင်း၊ အာမခံပေးခြင်း သို့မဟုတ် တာဝန်ယူပေးခြင်း၊ (ခ) WECHAT သို့မဟုတ် WECHAT ဆော့ဖ်ဝဲလ်သည် သင့်စက်နှင့် တွဲဖက်သုံးနိုင်သည်၊ သို့မဟုတ် (ဂ) WECHAT သို့မဟုတ် WECHAT ဆော့ဖ်ဝဲလ်သည် ဈေးကွက်တင်နိုင်သော အရည်အသွေးဖြစ်သည်၊ အထူးရည်ရွယ်ချက်တစ်ခုအတွက် သင့်တော်သည် သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်၏ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်ကို မထိပါး မချိုးဖောက်ပါဟူသော အချက်များအတွက်လည်း မည်သည့် ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်း သို့မဟုတ် တာဝန်ယူဆောင်ရွက်ပေးခြင်းကို ပြုလုပ်မပေးပါ။ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်များက ခွင့်ပြုပေးထားသည့် အတိုင်းအတာထိ ဖော်ပြထားသော ကိုယ်စားပြုခြင်းများ၊ အာမခံခြင်းများနှင့် တာဝန်ယူဆောင်ရွက်ပေးခြင်းများအားလုံးကို သင်က ကင်းလွတ်ခွင့်ပေးရမည်။

WECHAT ၏ တာဝန်ရှိမှု

သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများက ခွင့်ပြုပေးထားသည့် အတိုင်းအတာအတိုင်း ဤစည်းမျဉ်းများ၊ သို့မဟုတ် WECHAT (မည်သည့် WECHAT ဆော့ဖ်ဝဲလ်မဆို ပါဝင်သည်) နှင့်စပ်ဆက်သော၊ မည်သည့်အခြေအနေမျိုးကဆို ထွက်ပေါ်လာသော တောင်းဆိုချက်များအားလုံးအတွက် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ အဖွဲ့ဝင်ကုမ္ပဏီများ၏ စုပေါင်းတာဝန်ရှိခြင်းသည် အောက်ပါပမာဏများထက်ပိုလျှင် ကန့်သတ်ထားမည်ဖြစ်သည်၊(က) နောက်ဆုံး ငွေပေးချေမှု ပြုလုပ်ခဲ့သည့် ရက်စွဲမတိုင်မီ 6 လ အတွင်း သင်၏ WECHAT သို့မဟုတ် WECHAT ဆော့ဖ်ဝဲလ် အသုံးပြုမှုအတွက် သင်က ကျွန်ုပ်တို့ကို ပေးချေခဲ့သော ပမာဏ ဆိုင်ရာ ငွေပေးချေမှု နှင့် (ခ) အမေရိကန်ဒေါ်လာ 100 (အမေရိကန်ဒေါ်လာ တစ်ရာ)။ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်များက ခွင့်ပြုပေးထားသည့် အတိုင်းအတာနှင့်အညီ အောက်ပါတို့အတွက် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများသည် မည်သည့်ဖြစ်စဉ် တစ်စုံတစ်ရာ ကိုမျှ တာဝန်ယူခြင်းမရှိပါ -

ဤစည်းမျဉ်းများသည် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ တာဝန်ရှိခြင်းများကို အတိုင်းအတာ တစ်ခု အထိ သက်ညှာလျော့ပေါ့ပေးနိုင်ခြင်း၊ ကန့်သတ်နိုင်ခြင်း သို့မဟုတ် ချန်လှပ်ထားနိုင်ခြင်းမှလွဲ၍ အောက်ပါတာဝန်ရှိခြင်းများကို ကန့်သတ်နိုင်မည် သို့မဟုတ် ချန်လှပ်ထားနိုင်မည်မဟုတ်ပါ -

သို့ဖြစ်စေကာမူ ဤစည်းမျဉ်းများရှိ အခြားမည်သည့်ပြဋ္ဌာန်းချက်ကဆို သင့်နယ်၏ တရားစီရင်ပိုင်ခွင့်တွင်ရှိသော သင်၏ ဥပဒေအရလုပ်ပိုင်ခွင့်တစ်ခုခု (သက်ဆိုင်ရာ စားသုံးသူကာကွယ်ပေးရေးစည်းမျဉ်းစည်းကမ်းများအရ လုပ်ပိုင်ခွင့်များအားလုံးအပါအဝင်) ကို ကန့်သတ် သို့မဟုတ် ချန်လှပ်မည်မဟုတ်ပါ၊ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ ထိုဥပဒေအရလုပ်ပိုင်ခွင့်များအထိ ချန်လှပ် သို့မဟုတ် သက်ညှာပေးမည်မဟုတ်ပါ။

မည်သည့် တောင်းဆိုချက်၊ တရားစွဲမှု၊ အရေးယူမှု၊ တောင်းဆိုမှု၊ နစ်နာမှု၊ အကြွေး၊ ဆုံးရှုံးမှု၊ တရားစရိတ်၊ (အမှုကုန်ကျစရိတ်နှင့် ရှေ့နေကြေးအပါအဝင်) ကုန်ကျစရိတ်များ အပြင် (က) သင်၏ WECHAT သို့မဟုတ် WECHAT ဆော့ဖ်ဝဲလ် အသုံးပြုခြင်းမှ၊ သို့မဟုတ် (ခ) ဤစည်းမျဉ်းများကို သင် ချိုးဖောက်ခြင်းမှ ဖြစ်ပေါ်လာသော တာဝန်ရှိခြင်း တို့အတွက် သင့် အနေဖြင့် ကျွန်ုပ်တို့ နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများကို လျော်ကြေးပေးလျော်ပါမည်ဟု သင်က သဘောတူပါသည်။

ပြင်ပအဖွဲ့အစည်းများအတွက် တာဝန်မယူခြင်း

ဤစည်းမျဉ်းများရှိ "ပြင်ပအဖွဲ့အစည်းအကြောင်းအရာနှင့် ဝန်ဆောင်မှုများ" နှင့် "ပြင်ပအဖွဲ့အစည်း ဆော့ဖ်ဝဲလ်" ကဏ္ဍများတွင် ပြဋ္ဌာန်းချက်အတိုင်း အမျိုးမျိုးသော ပြင်ပအဖွဲ့အစည်းများသည် အချို့သော အကြောင်းအရာ၊ ဝန်ဆောင်မှုများ သို့မဟုတ် ဆော့ဖ်ဝဲလ် များကို WeChat အတွင်း ထောက်ပံ့ပေးလိမ့်မည် ဖြစ်သည်။

ဤစည်းမျဉ်းများသည် သင်နှင့် ကျွန်ပ်တို့ (ထို့အပြင် သက်ဆိုင်သော ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများ) ကြားရှိ ဆက်ဆံရေးကို သက်ရောက်စိုးမိုးနိုင်ပါသည်။ သင်နှင့် ပြင်ပအဖွဲ့အစည်းအားလုံး (ထို အဖွဲ့အစည်း သည် WECHAT မှတဆင့် တွေ့ရှိသော၊ ကြော်ငြာထားသော၊ ဟိုက်ပါလင့်ခ်မှ သုံးစွဲခွင့်ရသော သို့မဟုတ် အခြားနည်းလမ်းတစ်ခုမှ တဆင့်) တို့၏ ပတ်သက်ဆက်နွယ်မှုသည် သင်နှင့် သက်ဆိုင်ရာပြင်ပအဖွဲ့အစည်းကြားတွင်သာ လုံးဝသီးသန့်ဖြစ်ပါသည်။ သင်နှင့် ထိုပြင်ပအဖွဲ့အစည်းတစ်ခုခု၏ ပတ်သက်မှုသည် WECHAT မှတဆင့် ဖြစ်စေကာမူ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို မဖြစ်မနေ လိုက်နာရသော ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများသည် သင်နှင့် မည်သည့်ပြင်ပအဖွဲ့အစည်း (WeChat အတွင်းတွင် ထိုပြင်ပအဖွဲ့အစည်းများမှ ထောက်ပံ့ပေးသော မည်သည့် အကြောင်းအရာ၊ ဝန်ဆောင်မှုများ သို့မဟုတ် ဆော့ဖ်ဝဲလ်မဆို အပါအဝင်) ကြားရှိ ဆက်ဆံရေးအတွက် တာဝန်မရှိပါ။

ဖျက်သိမ်းခြင်း

သင်၏ WeChat သုံးစွဲခွင့်ကို သင်က သို့မဟုတ် ကျွန်ုပ်တို့က မဖျက်သိမ်းခင်အထိ ဤစည်းမျဉ်းများသည် သင်၏ WeChat အသုံးပြုမှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

သင်က သင်၏ WeChat အသုံးပြုမှု သို့မဟုတ် ၎င်းတွင် သုံးစွဲခွင့်ရှိသော မည်သည့်ဝန်ဆောင်မှုများကိုမဆို အချိန်မရွေး ဖျက်သိမ်းနိုင်ပါသည် (ဤစည်းမျဉ်းများ သို့မဟုတ် WeChat ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို ပြောင်းလဲမည့်အကြောင်း ကျွန်ုပ်တို့က သင့်ကို ပြောကြားရာတွင် သင် သဘောမတူနိုင်မှု ရှိလာသည့် အချိန် အပါအဝင်)။ ဖျက်သိမ်းသည့် ဝန်ဆောင်မှုသည် ငွေပေးရသော ဝန်ဆောင်မှုဖြစ်လျှင် သက်ဆိုင်ရာဝန်ဆောင်မှုကို အဆုံးသတ်ခြင်းရခြင်းကြောင့် ကျွန်ုပ်တို့မှ ကျခံရသောကုန်ကျစရိတ်၏ လျော်ကြေးအဖြစ် ထိုအခကြေးငွေ၏ ထိုက်သင့်သောပမာဏကို မည်သည့်ငွေပြန်အမ်းခြင်းထဲကမဆို ဖြတ်တောက်ယူနိုင်သည်။

အောက်ပါအချက်များကြောင့် ကျွန်ုပ်တို့သည် သင့်အကောင့်သုံးစွဲခွင့် သို့မဟုတ် သင်၏ WeChat ၏ တစ်စုံတစ်ရာ သို့မဟုတ် အားလုံးသို့ ရယူပိုင်ခွင့် ကို ဆိုင်းငံ့ သို့မဟုတ် ဖျက်သိမ်းနိုင်ပါသည် -

သို့သော် ဆိုင်းငံ့ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ကို ကျိုးကြောင်းဆီလျှော်စွာ ကျင့်သုံးသည့် အခါတွင် ကျွန်ုပ်တို့က သင့်ကို ကြိုတင်အကြောင်းကြားသွားမည်ဖြစ်သည်။

သင့်ဒေသ၏ တရားစီရင်ပိုင်ခွင့်တွင်ရှိသော သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများက ခွင့်ပြုထားသည့်အတိုင်းအတာအရ သင့် WeChat သုံးစွဲခွင့်၏ တစ်ခုခု သို့မဟုတ် အားလုံးကို ကျွန်ုပ်တို့က ဆိုင်းငံ့ထားလျှင် (က) ဆိုင်းငံ့သည့်နေ့မှစ၍ တိုးပွားလာသော အခကြေးငွေများအားလုံးအတွက် သင့်တွင် တာဝန်ရှိနေသေးသည် (အခကြေးငွေများသည် ဆိုင်းငံ့သည့်နေ့မတိုင်မီ တိုးပွားလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိခြင်းများ ဆောင်ရွက်ပေးမှုသည် ဆိုင်းငံ့သည့်နေ့နောက်ပိုင်းမှ ဖြစ်ပေါ်သော ဖြစ်ရပ်အပါအဝင်) ထို့အပြင် (ခ) သင် ဆက်လက်သုံးစွဲခွင့်ရှိမည့် WeChat ၏ အစိတ်အပိုင်းတစ်ခုခုအတွက် သက်ဆိုင်ရာ မည်သည့်အခကြေးငွေများအတွက်မဆို သင့်တွင် တာဝန်ရှိပါသည်။

သင်၏ WeChat သုံးစွဲခွင့်ကို သင်က သို့မဟုတ် ကျွန်ုပ်တို့က ဖျက်သိမ်းလျှင် (အရာအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ) သင်သည် အောက်ပါတို့ကို သဘောတူပါသည် - (က) ဤစည်းမျဉ်းများ အောက်ရှိ သင့်လုပ်ပိုင်ခွင့်များအားလုံးကို ဖျက်သိမ်းမည်၊ (ခ) ဆိုင်းငံ့သည့်နေ့မှစ၍ တိုးပွားလာသော အခကြေးငွေများအားလုံးအတွက် သင့်တွင် တာဝန်ရှိနေသေးသည် (အခကြေးငွေများသည် ဆိုင်းငံ့သည့်နေ့မတိုင်မီ တိုးပွားလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိခြင်းများ ဆောင်ရွက်ပေးမှုသည် ဆိုင်းငံ့သည့်နေ့နောက်ပိုင်းမှ ဖြစ်ပေါ်သော ဖြစ်ရပ်အပါအဝင်)၊ နှင့် (ဂ) ဖျက်သိမ်းခြင်းနှင့်ပတ်သက်သော WeChat ဆော့ဖ်ဝဲလ်၏ မိတ္တူပွား များအားလုံးကို သင်က အပြီးအပိုင် ဖျက်ပစ်ရမည်ဖြစ်ပြီး ထို WeChat ဆော့ဖ်ဝဲလ်တစ်ခုခုကို သုံးစွဲခြင်း၊ အသုံးပြုခြင်းကို သင်က ချက်ချင်း ရပ်စဲရမည်ဖြစ်သည်။

သင့်အကြောင်းအရာကို ထိန်းသိမ်းထားရှိခြင်းနှင့် အရန်သိမ်းဆည်းထားရှိခြင်း

ဤစည်းမျဉ်းများကို ဖျက်သိမ်းပြီးနောက်တွင် သင့်အကြောင်းအရာကို ဤစည်းမျဉ်းများနှင့်အညီ၊ သင့်အကြောင်းအရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကို WeChat ကိုယ်ရေးလုံခြုံမှု မူဝါဒ တွင်ပါဝင်သောအတိုင်းအတာအထိသာ ထိန်းသိမ်းထားရှိပြီး အသုံးပြုသွားပါမည်။  WeChat ကိုယ်ရေးလုံခြုံမှု မူဝါဒ နှင့် သင့်နယ်၏ တရားစီရင်ပိုင်ခွင့်အတွင်းရှိ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအပေါ်မူတည်၍ ကျွန်ုပ်တို့က WeChat ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အရာအားလုံးကို ဆိုင်းငံ့သည့်သို့မဟုတ် ဖျက်သိမ်းသည့် နေရာ၌ သို့မဟုတ် သင်၏ WeChat သုံးစွဲခွင့်ကို သင်ကိုယ်တိုင် သို့မဟုတ် ကျွန်ုပ်တို့က အဆုံးသတ်လိုက်သည့်နေရာ၌ သင့်အကြောင်းအရာကို ကျွန်ုပ်တို့က ပြန်ယူပေးနိုင်မည်ဟု အာမမခံနိုင်ပါ၊ ထို့အပြင် ဖျက်သိမ်းပြီးနောက်တွင် သင့်ထံသို့ အသိမပေးဘဲ သင့်အကြောင်းအရာကို အချိန်မရွေး ထာဝရ ဖျက်ပစ်နိုင်ပါသည်။ ပုံမှန်အားဖြင့် သင့်အကြောင်းအရာကို အရန်သိမ်းဆည်းထားရှိကြောင်း သေချာပါစေ။

အထွေထွေ

သင့်နယ်၏ တရားစီရင်ပိုင်ခွင့်အတွင်းရှိ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအပေါ်မူတည်၍ ဤစည်းမျဉ်းများသည် သင်နှင့် ကျွန်ုပ်တို့ကြားရှိ WeChat နှင့်ပတ်သက်သော သဘောတူညီမှုတစ်ရပ်လုံးကို စီစဉ်တင်ပြထားပါသည် - ဤစည်းမျဉ်းများတွင် အတိအလင်း စီစဉ်တင်ပြမထားသော မည်သည့်ထုတ်ပြန်ချက်အတွက်မဆို သင်က ကျွန်ုပ်တို့နှင့် ဆန့်ကျင်၍ မတောင်းဆိုပါဟု သင်က သဘောတူညီထားပါသည်။ "ပါဝင်သည်" နှင့် "ပါဝင်သော" ဟူသော စကားလုံးများကို အကန့်သတ်မရှိ ထည့်သွင်းအဆုံးပြုပါသည်။ ဤစည်းမျဉ်းများထဲမှ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် (သို့မဟုတ် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်၏ အစိတ်အပိုင်းများ) ၏ တရားမဝင်ဖြစ်ခြင်းသည် အခြားပြဋ္ဌာန်းချက်တစ်ရပ်ရပ် (သို့မဟုတ် ထိုပြဋ္ဌာန်းချက်၏ ကျန်အစိတ်အပိုင်းများ) ၏ တရားဝင်မှု သို့မဟုတ် ဥပဒေတည်မှုအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပါ။ ဤစည်းမျဉ်းများ၏ မည်သည့်အစိတ်အပိုင်းကိုမဆို မူကြမ်းအဖြစ် မပြဋ္ဌာန်းနိုင်ပါဟု တရားရုံးတစ်ခုက ထိန်းချုပ်ထားလျှင် ဤစည်းမျဉ်းများ၏ ကျန်ရှိစည်းမျဉ်းများကို မပြောင်းလဲဘဲ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်နိုင်သော အတိုင်းအတာအထိ ထိုစည်းမျဉ်းများကို အလားတူစည်းမျဉ်းများဖြင့် အစားထိုးသွားမည်။ ဤစည်းမျဉ်းများ၏ မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို ဥပဒေတည်ရာတွင် ထိုပြဋ္ဌာန်းချက်အရ မည်သည့်လုပ်ပိုင်ခွင့်များကိုမဆို သက်ညှာပေးရန်အတွက် နှောင့်နှေးကြန့်ကြာမှု ပြုလုပ်ပေးမည်မဟုတ်ပါ။ ဤစည်းမျဉ်းများနှင့်အညီ မည်သည့် အခြေခံလုပ်ပိုင်ခွင့်များနှင့် တာဝန်ယူမှုများကိုမဆို ဆက်လက်တည်ရှိထားမည်၊ ဤတွင် သက်ဆိုင်ရာ အဖွဲ့များမှ သတ်မှတ်ထားသော တာဝန်ရှိခြင်း သို့မဟုတ် ပေးလျော်ခြင်းများ( ရှိလျှင်) နှင့်ပတ်သက်၍ မည်သည့်တာဝန်ယူမှုမဆို ပါဝင်သည်၊ ဤစည်းမျဉ်းများကို ဖျက်သိမ်းပြီးနောက် သို့မဟုတ် အဆုံးသတ်ပြီးနောက် ဆက်လက်၍ သက်ရောက်မှုရှိနေမည်ဖြစ်သည်။

Singapore ၏ ဥပဒေ 2001 (အခန်း 53ခ) သဘောတူစာချုပ် (ပြင်ပအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များ) အရ ဤစည်းမျဉ်းများကို အတည်ပြုရန်အတွက် သင်နှင့် ကျွန်ုပ်တို့မှလွဲ၍ မည်သူမှ လုပ်ပိုင်ခွင့်တစ်စုံတစ်ရာ မရှိပါ၊ သို့မဟုတ် တစ်နည်းအားဖြင့် ဤစည်းမျဉ်းများအရ ကျွန်ုပ်တို့၏ ကြိုတင်ခွင့်ပြုချက်မရဘဲ ဤစည်းမျဉ်းများ သို့မဟုတ် မည်သည့်လုပ်ပိုင်ခွင့်များ သို့မဟုတ် တာဝန်ယူမှုများကိုမဆို အခွင့်အာဏာအပ်နှင်းခြင်း သို့မဟုတ် တာဝန်ပေးခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်း မပြုလုပ်နိုင်ပါ။ ကျွန်ုပ်တို့အနေဖြင့် သင်၏ ကြိုတင်ခွင့်ပြုချက် မရဘဲ သို့မဟုတ် သင့်ကို ကြိုတင်အကြောင်းမကြားဘဲ ဤစည်းမျဉ်းအရ ဤစည်းမျဉ်းများ သို့မဟုတ် ကျွန်ုပ်တို့၏ လုပ်ပိုင်ခွင့်များနှင့် တာဝန်ယူမှုများကို တစ်စိတ်တစ်ပိုင်းဖြစ်စေ အလုံးစုံဖြစ်စေ လွတ်လပ်စွာ တာဝန်ပေးအပ်နိုင်သည် သို့မဟုတ် လွှဲပြောင်းပေးအပ်နိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သင်၏ ကြိုတင်ခွင့်ပြုချက် မရဘဲ သို့မဟုတ် သင့်ကို ကြိုတင်အကြောင်းမကြားဘဲ ဤစည်းမျဉ်းများရှိ ကျွန်ုပ်တို့၏ မည်သည့်လုပ်ဆောင်ချက်ကိုမဆို အချိန်မရွေး လွတ်လပ်စွာ တစ်ဆင့်ခံသဘောတူညီထားနိုင်ပါသည်။

တရားဥပဒေစိုးမိုးမှုနှင့် အငြင်းပွားမှု ဖြေရှင်းနည်း

(က) ဤစည်းမျဉ်းများတွင် ဖြည့်သွင်းထားသော သက်ဆိုင်ရာ မည်သည့်ထပ်ဆောင်းစည်းမျဉ်းများကိုမဆို သီးခြားပြဋ္ဌာန်းသည်၊ သို့မဟုတ် (ခ) တစ်နည်းအားဖြင့် သင့်ဒေသ ရှိ တရားစီရင်ပိုင်ခွင့်၏ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းသည် (ဥပမာ ပြည်တွင်းတရားရုံးတွင် (တရားရုံးငယ်အပါအဝင်) အမှုဖွင့်ခြင်း သို့မဟုတ် ခုခံချေပခြင်းနှင့်ပတ်သက်၍ သင့်နယ်ရှိ တရားစီရင်ပိုင်ခွင့်တွင် တရားဝင်လုပ်ပိုင်ခွင့် ရှိနိုင်သည်)၊ မှတပါး

WECHAT ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ (USA-သီးသန့် စည်းမျဉ်းများ)

အကယ်၍ သင်သည် USA မှ WeChat အသုံးပြုသူဖြစ်ပါက အောက်ပါ ထပ်ဆောင်း စည်းမျဉ်းများကို (က) ဤစည်းမျဉ်းများထဲတွင် ဖြည့်သွင်းပါသည်၊ (ခ) သင်၏ WeChat အသုံးပြုမှုတွင် ကျင့်သုံးပါသည်၊ (င) မည်သည့်ကွဲလွဲမှုအတိုင်းအတာထိမဆို ဤစည်းမျဉ်းများ၏ အဓိကစည်းမျဉ်းများအပေါ် လွှမ်းမိုးပါသည်။

သင်က အမေရိကန်ပြည်ထောင်စုတွင် WeChat ကို အသုံးပြုပါက အောက်ပါစည်းမျဉ်းများသည် ဤစည်းမျဉ်းများရှိ အထက်ပါ "တရားဥပဒေစိုးမိုးမှုနှင့် အငြင်းပွားမှု ဖြေရှင်းနည်း" ကဏ္ဍကို ရှင်းလင်းပြတ်သားစွာ အစားထိုးနေရာယူပါသည်။

သင်က (သို့မဟုတ် လုပ်ငန်းတစ်ခုဖြစ်လျှင် လုပ်ငန်း၏ အဓိကရုံးချုပ်က) အမေရိကန်ပြည်ထောင်စုတွင် နေထိုင်တည်ရှိလျှင် သင်နေထိုင်သော ဒေသ၏ ဥပဒေများသည် ဖယ်ဒရယ်ခုံသမာဓိဥပဒေက ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို စိုးမိုးသက်ရောက်သည်မှလွဲ၍ ပဋိပက္ခဥပဒေစည်းကမ်းများကိုပဓာနမထားဘဲ တောင်းဆိုချက်များအားလုံးအပေါ် စိုးမိုးသက်ရောက်ပါသည်။I သင်နှင့် ကျွန်ုပ်တို့သည် တရားရုံး (ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ရေး အပါအဝင်) တွင် ခွင့်ပြုခဲ့ပြီးသော ဤစည်းမျဉ်းများနှင့်/မှ သက်ဆိုင်သည့် သို့မဟုတ် ပေါ်ပေါက်လာသည့် အငြင်းပွားမှုများအားလုံးအတွက် အထူးသီးသန့် တရားစီရင်ပိုင်ခွင့်နှင့် ကယ်လီဖိုးနီးယား ပြည်နယ် သို့မဟုတ် ဖယ်ဒရယ်တရားရုံးများကို ယတိပြတ် ခွင့်ပြုပါသည်။

ဤနေရာအထိ အဖွဲ့တစ်ခုချင်းစီသည် ဂျူရီအဖွဲ့ဖြင့် အမှုစစ်ဆေးရန် သို့မဟုတ် ဤစည်းမျဉ်းများနှင့်/မှ သက်ဆိုင်သည့် သို့မဟုတ် ပေါ်ပေါက်လာသည့် မည်သည့်ဥပဒေရေးရာဆောင်ရွက်မှုတွင်မဆို သို့မဟုတ် သို့အားဖြင့် ချင့်ချိန်စဉ်းစားထားသော လုပ်ငန်းများတွင် ဥပဒေဆိုင်ရာအဖွဲ့၌ ပါဝင်နိုင်ရန် လုပ်ပိုင်ခွင့်များကို သက်ညှာပေးသည်။

အငြင်းပွားမှုဖြစ်ရပ်ရှိလျှင် သင်နှင့် ကျွန်ုပ်တို့သည် ၎င်းကို အရပ်သဘောပုံစံဖြင့် ဖြေရှင်းရန်အတွက် ရက် ခြောက်ဆယ် (60) ကြာသည်အထိ ကြိုးစားကြရန် သဘောတူပါသည်။ သင်နှင့် ကျွန်ုပ်တို့သည် ရက် ခြောက်ဆယ် (60) အတွင်း အရပ်သဘောပုံစံဖြင့် ဖြေရှင်းချက်မထုတ်နိုင်ခဲ့လျှင် ဖယ်ဒရယ်ခုံသမာဓိဥပဒေ ("FAA") (AAA ၏ ကုန်သွယ်မှုခုံသမာဓိစည်းမျဉ်းများအရ ဆောင်ရွက်သည့် ထိုကဲ့သို့သော ခုံသမာဓိဖြင့် စီရင်ဆုံးခြင်းနှင့်အတူ) အရ အမေရိကန်ခုံသမာဓိအဖွဲ့အစည်း ("AAA") ရှေ့မှောက်၌ တစ်ဦးချင်း ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းကို လိုက်နာဆောင်ရွက်ရန်နှင့် တရားသူကြီး သို့မဟုတ် ဂျူရီလူကြီး၏ရှေ့မှောက် တရားရုံးတွင် တရားမစွဲရန် သဘောတူပါသည်။ ၎င်းအစား ကြားနေခုံသမာဓိအကြီးအကဲက ဆုံးဖြတ်မည်ဖြစ်ပြီး FAA အရ ကန့်သတ်ထားသော အယူခံယူခွင့်အတွက်မှလွဲ၍ ခုံသမာဓိအကြီးအကဲ၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည်ဖြစ်မည်ဖြစ်သည်။ ဥပဒေဆိုင်ရာအဖွဲ့လိုက် တရားစွဲဆိုမှုများ၊ အဖွဲ့လိုက် ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းများ၊ သီးသန့် ရှေ့နေချုပ်အမှုများနှင့် တစ်စုံတစ်ယောက်က ကိုယ်စားလှယ်အစွမ်းဖြင့် ဆောင်ရွက်သော အခြားမည်သည့်အမှုအခင်းကိုမဆို ခွင့်မပြုပါ၊ ထို့အပြင် အဖွဲ့များအားလုံး၏ ခွင့်ပြုချက်မရဘဲ တစ်ဦးချင်းအမှုအခင်းများကို ပေါင်းစည်းခွင့်ပြုမည်မဟုတ်ပါ။ ဤစည်းမျဉ်းများသည် AAA ၏ ကုန်သွယ်မှုခုံသမာဓိစည်းမျဉ်းများ သို့မဟုတ် စားသုံးသူခုံသမာဓိစည်းမျဉ်းများနှင့် ၎င်းတို့ သဘောထားကွဲလွဲသည့်အတိုင်းအတာထိ စိုးမိုးသက်ရောက်ပါသည်။ သင်နှင့် ကျွန်ုပ်တို့သည် မည်သည့်တောင်းဆိုချက် သို့မဟုတ် အငြင်းပွားမှုကိုမဆို (ဉာဏပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများမှလွဲ၍) ပထမဆုံး အမှုဖွင့်ရမည့် အချိန်မှစ၍ တစ်နှစ်အတွင်း ခုသမာဓိရုံး၌ အမှုဖွင့်ရမည်ဖြစ်သည်။ ဥပဒေဆိုင်ရာအဖွဲ့မှ စွန့်လွှတ်ကြောင်းတရားဝင်စာသည် အငြင်းပွားမှု တစ်ခုလုံး သို့မဟုတ် အချို့အစိတ်အပိုင်းများနှင့်စပ်လျဉ်း၍ တရားမဝင်ကြောင်း သို့မဟုတ် ဥပဒေမတည်ကြောင်း တွေ့ရှိရလျှင် ထိုအစိတ်အပိုင်းများကို ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်မည်မဟုတ်ပေ၊ သို့သော် အခြားကျန်ရှိနေသော ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ရေးအမှုအခင်းများနှင့်အတူ တရားရုံးတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းနှင့်ပတ်သက်သော ဤပြဋ္ဌာန်းချက်များရှိ မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို တရားမဝင်ကြောင်း သို့မဟုတ် ဥပဒေမတည်ကြောင်း တွေ့ရှိရလျှင် ထိုပြဋ္ဌာန်းချက်ကို အဆုံးသတ်မည်ဖြစ်သည်၊ သို့သော် ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းနှင့်ပတ်သက်၍ ကျန်ရှိသော ဤပြဋ္ဌာန်းချက်များကို ဆက်လက်ကျင့်သုံးမည်ဖြစ်သည်။

သင်က ကယ်လီဖိုးနီးယားတွင် နေထိုင်သူဖြစ်လျှင် သင်သည် (သက်ဆိုင်ရာ ဥပဒေများမှ တားမြစ်ထားသည့်အတိုင်းအတာထိမှလွဲ၍) ကယ်လီဖိုးနီးယားပြည်ဥပဒေများ၏ အပိုဒ် 1542 နှင့် အခြားမည်သည့်တရားစီရင်ပိုင်ခွင့် (ထိုအခြားတရားစီရင်ပိုင်ခွင့်အတွင်း နေထိုင်သူဖြစ်လျှင်) တွင်မဆိုရှိသော မည်သည့်အလာတူးပြဋ္ဌာန်းချက်ကိုမဆို သက်ညှာပေးရန် သဘောတူပါသည်၊ "အထွေထွေလွတ်ငြိမ်းခွင့်တစ်ရပ်သည် ကြွေးရှင် သို့မဟုတ် တရားပြိုင်က လွတ်ငြိမ်းခွင့်ကို ဆောင်ရွက်နေချိန်တွင် သူ/သူမ၏ ထောက်ခံမှုပေးရန် မသိ သို့မဟုတ် သံသယမရှိဟု တောင်းဆိုရန်အတွက် အကျုံးမဝင်ပါ၊ သူ/သူမက သိလျှင် ကြွေးရှင် သို့မဟုတ် တရားပြိုင်နှင့်အတူ သူ/သူမ၏ ထွက်ဆိုချက်ကို အခြေခံအားဖြင့် သက်ရောက်လိမ့်မည်" ဟု ဖော်ပြထားပါသည်။

WECHAT ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ (ဩစတေးလျ-သီးသန့် စည်းမျဉ်းများ)

သင်က ဩစတေးလျတွင် WeChat ကို အသုံးပြုပါက အောက်ပါ ထပ်ဆောင်း စည်းမျဉ်းများကို (က) ဤစည်းမျဉ်းများထဲတွင် ဖြည့်သွင်းပါသည်၊ (ခ) သင်၏ WeChat အသုံးပြုမှုတွင် ကျင့်သုံးပါသည်၊ (င) မည်သည့်ကွဲလွဲမှုအတိုင်းအတာထိမဆို ဤစည်းမျဉ်းများ၏ အဓိကစည်းမျဉ်းများအပေါ် လွှမ်းမိုးပါသည်။

ထုတ်ပြန်ချက် သို့မဟုတ် ဖော်ပြထားသော အာမခံချက်များ၊ ခွင့်ပြုမိန့်များ၊ ကိုယ်စားပြုခြင်းများ၊ သို့မဟုတ် ဤစည်းမျဉ်းများ သို့မဟုတ် ၎င်းတို့၏ အကြောင်းအရာနှင့်စပ်ဆက်ပြီး ဤစည်းမျဉ်းများတွင် မပါဝင်သော အခြားစည်းမျဉ်းစည်းကမ်းများအားလုံးကို ဤစည်းမျဉ်းများမှ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ခွင့်ပြုပေးထားသည့် အများဆုံးအတိုင်းအတာအထိ ချန်လှပ်ထားသည်။

ဤစည်းမျဉ်းများထဲမှအချက်များသည် မည်သည့်အာမခံချက်၊ ခွင့်ပြုမိန့်၊ စည်းမျဉ်း သို့မဟုတ် အခြေအနေ၊ ဥပဒေအရ ချန်လှပ်မရသော၊ ကန့်သတ်မရသော သို့မဟုတ် ပြုပြင် ပြောင်းလဲ မရသော သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ဖော်ပြထားသည့် သို့မဟုတ် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့် သို့မဟုတ် ရပိုင်ခွင့်တို့ကို ချန်လှပ်ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ပြောင်းလဲပြုပြင် ခြင်း မရှိပါ။

သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများက အာမခံချက်၊ အခြေအနေ၊ ခွင့်ပြုမိန့် သို့မဟုတ် စည်းမျဉ်းကို ဖော်ပြထားပြီး သို့မဟုတ် ပြဋ္ဌာန်းထားပြီး ချန်လှန်မထားနိုင် ("ချန်လှပ်မထားနိုင်သော ပြဋ္ဌာန်းချက်" တစ်ရပ်) ပါက ချန်လှန်မထားနိုင်သော ပြဋ္ဌာန်းချက်ကို ချိုးဖောက်မှုအတွက် ကျွန်ုပ်တို့က သင်၏ ရပိုင်ခွင့်ကို ကန့်သတ်နိုင်ပါသည်၊ ထို့နောက် ချန်လှန်မထားနိုင်သော ပြဋ္ဌာန်းချက်ချိုးဖောက်မှုအတွက် ကျွန်ုပ်တို့၏ တာဝန်ရှိခြင်းကို ကျွန်ုပ်တို့၏ ရွေးချယ်မှုဖြင့် အောက်ပါတို့မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ကန့်သတ်ထားပါသည် -

WECHAT ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ (United Kingdom နှင့် ဥရောပသမဂ္ဂ-သီးသန့် စည်းမျဉ်းများ)

သင်က United Kingdom သို့မဟုတ် ဥရောပသမဂ္ဂတွင်နေထိုင်ပြီး WeChat ကို အသုံးပြုပါက အောက်ပါ ထပ်ဆောင်း စည်းမျဉ်းများကို (က) ဤစည်းမျဉ်းများထဲတွင် ဖြည့်သွင်းပါသည်၊ (ခ) သင်၏ WeChat အသုံးပြုမှုတွင် ကျင့်သုံးပါသည်၊ (င) မည်သည့်ကွဲလွဲမှုအတိုင်းအတာထိမဆို ဤစည်းမျဉ်းများ၏ အဓိကစည်းမျဉ်းများအပေါ် လွှမ်းမိုးပါသည်။

သင်၏ ဝယ်ယူမှုများကို ငွေပြန်အမ်းပေးခြင်း

WeChat ထုတ်ကုန်တစ်ခု သို့မဟုတ် ကျွန်ုပ်တို့မှ ပေးအပ်သော ဝန်ဆောင်မှုတစ်ခု (မည်သည့်ပြင်ပအဖွဲ့အစည်းများမှမဆို မဖြစ်ရ)ကို သင်က ဝယ်ယူ၍ ငွေပေးချေပြီးလျှင် သက်ဆိုင်ရာဝယ်ယူမှုကို အောင်မြင်စွာပြုလုပ်ပြီးသည့်နေ့မှ 14 ရက်အတွင်း သင့်ထံမှ ငွေပြန်အမ်းပေးရန်တောင်းဆိုမှုကို လက်ခံရရှိပါက ထိုဝယ်ယူမှုအတွက် ငွေပြန်အမ်းခြင်းကို သင် ရရှိနိုင်ပါသည်။ သင်က သက်ဆိုင်ရာ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုခဲ့လျှင် အသုံးမပြုရသေးသော အပိုင်းအတွက်သာလျှင် ငွေပြန်အမ်းခြင်းကို ရရှိနိုင်မည်ဖြစ်သည်။ ဒေါင်းလုဒ် သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှု ထုတ်ကုန်တစ်ခုဖြစ်လျှင် ထိုထုတ်ကုန်ကို ဒေါင်းလုဒ် သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်ရန် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် ထိုထုတ်ကုန်အတွက် ငွေပြန်အမ်းခြင်းကို သင်က ခံစားနိုင်ခွင့်ရှိမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

သင်၏ ငွေပြန်အမ်းခြင်းတောင်းဆိုမှုကို တင်ပြပုံနှင့်ပတ်သက်သည့် သက်ဆိုင်ရာ WeChat ဝန်ဆောင်မှုများနှင့် ထပ်ဆောင်းစည်းမျဉ်းများထဲတွင် နောက်ထပ်အချက်အလက်များကို သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

အငြင်းပွားမှု ဖြေရှင်းနည်း - ဥရောပသမဂ္ဂအတွက်သာ

ဤစည်းမျဉ်းများရှိ "တရားဥပဒေစိုးမိုးမှုနှင့် အငြင်းပွားမှု ဖြေရှင်းနည်း" ကဏ္ဍရှိသော်ငြားလည်း သင်က ဥရောပသမဂ္ဂတွင် နေထိုင်လျှင် သို့မဟုတ် ဥရောပသမဂ္ဂညွှန်ကြားချက် 83/2011/EU အရ သတ်မှတ်ထားသော "စားသုံးသူ" ဖြစ်လျှင် ဤစည်းမျဉ်းများနှင့်/မှ သက်ဆိုင်သော သို့မဟုတ် ပတ်သက်သော၊ ပေါ်ပေါက်လာသော သင်နှင့် ကျွန်ုပ်တို့ကြားရှိ မည်သည့် အငြင်းပွားမှု၊ မကျေနပ်မှု သို့မဟုတ် တောင်းဆိုချက် (စာချုပ်တွင်ဖြစ်စေ နစ်နာမှုတွင် ဖြစ်စေ သို့မဟုတ် တစ်နည်းအားဖြင့်) ကိုမဆို သင်နေထိုင်ရာ သို့မဟုတ် နေရပ်၏ တရားရုံးသို့ လွှဲပြောင်းပေးအပ်ပြီး အပြီးသတ်ဖြေရှင်းမည်ဖြစ်သည်။ အခြားသော အငြင်းပွားမှု ဖြေရှင်းနည်း (ODR-ပလက်ဖောင်း) အတွက် အွန်လိုင်းတွင်လည်း အမှုဖွင့်တိုင်ကြားနိုင်ပါသည်။ အောက်ပါလင့်ခ်မှတဆင့် ODR-ပလက်ဖောင်းကို ရှာဖွေတွေ့ရှိနိုင်ပါသည် - https://ec.europa.eu/consumers/odr

ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှု

ကျွန်ုပ်တို့ ကျင့်သုံးနေခဲ့သော WeChat ၏ မည်သည့် ဝန်ဆောင်မှုများ သို့မဟုတ် အစီအစဉ်များကြောင့်မဆို သင်ပိုင်ဆိုင်သော စက်ပစ္စည်းတစ်ခု သို့မဟုတ် ဒီဂျစ်တယ်အကြောင်းအရာတစ်ခုကို ပျက်စီးစေပြီး ထိုပျက်စီးမှုသည် ထိုက်သင့်သော စောင့်ရှောက်မှုနှင့် ကျွမ်းကျင်မှုကို အသုံးပြုရန်အတွက် ကျွန်ုပ်တို့၏ ပျက်ကွက်ခြင်းကြောင့် ဖြစ်ခဲ့လျှင် ကျွန်ုပ်တို့သည် ပျက်စီးမှုကို ပြုပြင်ပေးမည် သို့မဟုတ် ထိုပျက်စီးမှုအတွက် ထိုက်သင့်သော လျော်ကြေးကို ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့၏ အခမဲ့အက်ပ်ဒိတ်လုပ်ရန် အကြံပြုချက်ကို သင်က လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် ပျက်စီးမှုအတွက် သို့မဟုတ် တပ်ဆင်ခြင်းလမ်းညွှန်ချက်များကို မှန်ကန်စွာလိုက်နာရန် သို့မဟုတ် ကျွန်ုပ်တို့ အကြံပြုထားသော အနည်းဆုံးစနစ်လိုအပ်ချက်များကို နေရာတကျထားရန် ပျက်ကွက်ခြင်းကြောင့် ပျက်စီးမှုအတွက် ကျွန်ုပ်တို့က တာဝန်ယူမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ပြည်တွင်းနှင့် ကိုယ်ပိုင်အသုံးပြုခြင်းအတွက် WeChat နှင့် WeChat မှတဆင့် ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် အစီအစဉ်များကိုသာ ကျင့်သုံးပါသည်။ သင်က WeChat သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ် အစီအစဉ်များကို ကုန်သွယ်ရေး သို့မဟုတ် စီးပွားရေးရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးပြုလျှင် မည်သို့သော အကျိုးအမြတ်ဆုံးရှုံးမှု၊ စီးပွားရေးဆုံးရှုံးမှု၊ စီးပွားရေးနှောင့်ယှက်ခံရမှု၊ သို့မဟုတ် စီးပွားရေးအခွင့်အလမ်းဆုံးရှုံးမှုတို့အတွက်မဆို ကျွန်ုပ်တို့က တာဝန်ယူမည်မဟုတ်ပါ။

WECHAT ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ (စင်္ကာပူနိုင်ငံ-သီးသန့် စည်းမျဉ်းများ)

သင်က သင့်သဘောတူညီချက်ကို ပေးမထားလျှင် သို့မဟုတ် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသည့်အတိုင်းအတာထိ ကျွန်ုပ်တို့သည် သင့်အချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည်ဖြစ်သည်။