WEIXIN က စီမံသော လုပ်ဆောင်ချက်များစာရင်း

နောက်ဆုံး အပ်ဒိတ်လုပ်ချိန်- 2022-09-09

WeChat သည် Weixin နှင့် အပြန်အလှန်အသုံးပြုနိုင်အောင် လုပ်ထားသည့်အတွက် WeChat အသုံးပြုသူများသည် Weixin အသုံးပြုသူများနှင့် ဆက်သွယ်နိုင်ပြီး တစ်ယောက်နှင့် တစ်ယောက်၏ အခိုက်အတန့်များနှင့် အခြေအနေပြပို့စ်များကို ကြည့်ရှုနိုင်ပါသည်။ သင်သည် Weixin က ဆောင်ရွက်သောအချို့လုပ်ဆောင်ချက်များကိုလည်း အသုံးပြုနိုင်ပါသည်။ အောက်ပါတို့သည် Weixin က စီမံသော လုပ်ဆောင်ချက်များစာရင်း ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဤစာရင်းကို အခါအားလျော်စွာ ပြင်ဆင်ကောင်းပြင်ဆင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ပြင်ဆင်ထားသော စာရင်းကို "နောက်ဆုံးအပ်ဒိတ်လုပ်ထားသော" ရက်စွဲနှင့်အတူ ဤနေရာတွင် အပ်ဒိတ်လုပ်ပေးပါမည်။

Weixin က စီမံသော မည်သည့်လုပ်ဆောင်ချက်ကိုမဆို သင် အသုံးပြုသောအခါ (သို့မဟုတ် Weixin က စီမံသော လုပ်ဆောင်ချက်များကို အသုံးပြုရန် သင့် WeChat အဆက်အသွယ်များက သင့်အား ဖိတ်ခေါ်သောအခါ) သင့်ပရိုဖိုင်းအချက်အလက်နှင့် သင့်အကြောင်း ထုတ်ဖော်ထားသော အခြားအချက်အလက်များ သို့မဟုတ် သင့် WeChat အဆက်အသွယ်များကို WeChat သီးသန့် မူဝါဒနှင့်အညီမဟုတ်ဘဲ Weixin ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး လမ်းညွှန်ချက်များ အရ ထိန်းသိမ်းထားခြင်း၊ ဝေမျှခြင်း သို့မဟုတ် သိမ်းဆည်းခြင်းတို့ ပြုလုပ်နိုင်ပါသည်-

Weixin Open Platform

Weixin Open Platform ကို Weixin က စီမံလုပ်ဆောင်သည်။ Weixin Open Platform တွင် အသုံးပြုနိုင်သော ဝန်ဆောင်မှုများကို (သက်ဆိုင်ရာ ဝန်ဆောင်မှုစည်းမျဉ်းများတွင် သီးခြားဖော်ပြထားခြင်း မရှိပါက) ပြင်ပအဖွဲ့အစည်းများက ရေးဆွဲ၊ လုပ်ဆောင်၊ ပိုင်ဆိုင်ပါသည်။ သင်က ယင်းဝန်ဆောင်မှုများကို အသုံးပြုသောအခါ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒနှင့်အညီ သင့်အချက်အလက်ကို ကောက်ယူ၊ ထိန်းသိမ်း၊ မျှဝေ နှင့်/သို့မဟုတ် သိမ်းဆည်းခြင်းတို့ လုပ်ဆောင်ပါမည်။ အောက်ပါ Weixin Open Platform ဝန်ဆောင်မှုမှတစ်ဆင့် ပြင်ပအဖွဲ့အစည်းများသည် ၎င်းတို့၏ ဝန်ဆောင်မှုများကို ကမ်းလှမ်းနိုင်သည်-