WECHAT - အစိုးရပိုင်းဆိုင်ရာ တောင်းဆိုမှု မူဝါဒ

နောက်ဆုံးအကြိမ် ပြင်ဆင်မွမ်းမံခြင်း - 2021-08-19

1. မိတ်ဆက်

1.1 WeChat မှ ကြိုဆိုပါသည်။ ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ သက်ဆိုင်ရာ အစိုးရအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲတစေ ရည်ရွယ်ပါသည်။ ဤမူဝါဒတွင် အစိုးရအာဏာပိုင်များထံမှ တောင်းဆိုချက်များအား ကျွန်ုပ်တို့၏ တုံ့ပြန်ဆောင်ရွက်ပုံကို ဖော်ပြထားပါသည်၊ သို့သော် ကျွန်ုပ်တို့သည် အဆိုပါတောင်းဆိုချက်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီ လုပ်ဆောင်ရန်လိုအပ်သည့်နေရာ၌ အခြားသောနည်းလမ်းတစ်မျိုးဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ကြောင်း သတိပြုပါ။

1.2 ကျွန်ုပ်တို့သည် အစိုးရအာဏာပိုင်များထံမှ WeChat နှင့်ပတ်သက်သော တောင်းဆိုချက်အမျိုးမျိုးကို လက်ခံရရှိပါသည်။ တောင်းဆိုမှုများမှာ -

အပိုဒ် (ခ) အောက်တွင် အကျုံးဝင်ပြီး ဤမူဝါဒဖြင့် စီမံဆောင်ရွက်မည့် တောင်းဆိုမှုများ၌ အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-

ဤမူဝါဒသည် အစိုးရအာဏာပိုင်များထံမှ တောင်းဆိုမှုများအားလုံးနှင့် သက်ဆိုင်မှုရှိသည်။ အကယ်၍ သင်သည် အစိုးရအာဏာပိုင်တစ်ဦးဖြစ်ပါက သင့်တောင်းဆိုမှုအား ကျိုးကြောင်းလျော်ညီစွာ လက်တွေ့ဖြစ်နိုင်သမျှလျင်မြန်စွာ သက်ဆိုင်ရာဥပဒေများနှင့်အညီ တုံ့ပြန်ဆောင်ရွက်ပေးနိုင်စေရန်အတွက် သင့်တောင်းဆိုမှုအားပြုလုပ်ရာ၌ ဤမူဝါဒကို လိုက်နာရန် အကြံပြုအပ်ပါသည်။

1.3 ကျွန်ုပ်တို့သည် အသိပေးခြင်းမရှိဘဲ ဤမူဝါဒကို အချိန်မရွေးပြင်ဆင်နိုင်ပါသည်။ နောက်ဆုံးအခြေအနေများအတွက် ဤစာမျက်နှာကို ပုံမှန်စစ်ဆေးကြည့်ရှုရန် တိုက်တွန်းအားပေးပါသည်။

1.4 ဤမူဝါဒတွင်-

2. WEIXIN၊ အခြားသော ပြင်ပအဖွဲ့အစည်းများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး

2.1 ကျွန်ုပ်တို့နှင့်သက်ဆိုင်ခြင်းမရှိသော/သို့မဟုတ် ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိသော ဒေတာအချက်အလက်များကို ဖွင့်ဟထုတ်ဖော်ရန် တောင်းဆိုချက်များအား ပုံမှန်ရရှိလျက်ရှိပါသည်။ ရှင်းလင်းတင်ပြလိုသည်မှာ-

3. ဤမူဝါဒ၏ အထွေထွေစည်းမျဉ်းများ

ကျွန်ုပ်တို့သည် အောက်ဖော်ပြပါစည်းမျဉ်းများနှင့်အညီ ဤမူဝါဒကို ကျင့်သုံးပါသည်။ ထပ်လောင်း အသေးစိတ်အချက်အလက်များကို ဤမူဝါဒ၏ ကျန်ရှိသည့်အပိုင်းတွင် ဖော်ပြထားပါသည်။

3.1 ဥပဒေအရ ယင်းကဲ့သို့လုပ်ဆောင်ရန် လိုအပ်ပါက တောင်းဆိုချက်များနှင့်အညီ စီမံဆောင်ရွက်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ လိုက်လျောသည့် တောင်းဆိုမှုများ၏အခြေခံမှာ သတ်မှတ်ဥပဒေများ၊ စည်းမျဉ်းများနှင့်ကိုက်ညီခြင်း ရှိရမည်ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်များတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-

3.2 ကျွန်ုပ်တို့သည် အသုံးပြုသူ၏အချက်အလက်များနှင့် အကြောင်းအရာများအားလုံးကို လက်ဝယ်ထိန်းသိမ်းထားခြင်းမရှိဘဲ အဆိုပါအချက်အလက်များနှင့် အကြောင်းအရာများကို မကြာခဏ ဖျက်ပစ်ခြင်း၊ ကိုယ်ပိုင်အမှတ်သညာပြုလုပ်ထားသည်အား ပြောင်းလဲခြင်းနှင့်/သို့မဟုတ် ပြင်ဆင်မွမ်းမံခြင်းများ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏နောက်ဆုံးပိတ်အသုံးပြုသူများတွင် ၎င်းတို့၏အချက်အလက်များအား ကိုင်တွယ်ဆောင်ရွက်ခွင့်ကို ထိန်းသိမ်းထားရှိခွင့်ရှိပြီး ၎င်းတို့၏အချက်အလက်များအား ကျွန်ုပ်တို့၏ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ယင်းကဲ့သို့သော အချက်အလက်များအားလုံးကို ထိန်းသိမ်းထားရှိခြင်းမရှိဘဲ ၎င်းတို့ကို ရံဖန်ရံခါတွင် ပြင်ဆင်မွမ်းမံမည် သို့မဟုတ် ဖျက်ပစ်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဒေတာအချက်အလက်များအား ကိုင်တွယ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းသော ထပ်လောင်းအချက်အလက်များကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ နှင့် ကိုယ်ရေးလုံခြုံမှု မူဝါဒတို့တွင် ဖော်ပြထားပါသည်။

3.3 ကျွန်ုပ်တို့သည် ဤမူဝါဒအား WeChat လုပ်ငန်းဆောင်ရွက်သည့် တရားစီရင်ပိုင်ခွင့်နေရာများအားလုံး၌ တသတ်မတ်တည်း၊ မျှတစွာ ကျင့်သုံးရန် ရည်ရွယ်ပြီး သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းများအားလုံးနှင့် တရားစီရင်ပိုင်ခွင့်များအကြားရှိနိုင်သော ကွဲပြားခြားနားမှုများဆိုင်ရာ ရှင်းလင်းချက်များကို လိုက်နာပါသည်။ WeChat သည် နိုင်ငံတကာတွင် အသုံးပြုနိုင်ပါသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စည်းမျဉ်းများအားလုံး (ဤမူဝါဒအပါအဝင်) ကို တရားစီရင်ပိုင်ခွင့်များအားလုံးတွင် မျှတစွာ၊ တသတ်မတ်တည်း ကျင့်သုံးရန် ရည်ရွယ်ပါသည်။

3.4 အပိုဒ် 3.3 တွင် ဖော်ပြထားသည့်အတိုင်းအပြင် ကျွန်ုပ်တို့သည် ဖော်ပြပါအကြောင်းအရင်းများအပါအဝင် အကြောင်းအရင်းမျိုးစုံကြောင့် ဤမူဝါဒကို ပယ်ဖျက်လိုက်နိုင်ပါသည် ဥပမာအားဖြင့်၊ သက်ဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းများကြောင့် သို့မဟုတ် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရရှိလာသည့် ကျွမ်းကျင်ပညာရှင်၏ အကြံပြုချက်နှင့်အညီ။

3.5 ကျွန်ုပ်တို့ဆောင်ရွက်သော လုပ်ဆောင်ချက်များ၌ ကျွန်ုပ်တို့၏သုံးစွဲသူများအပေါ် ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့ တောင်းဆိုမှုတစ်ခုအား (တောင်းဆိုမှု၊ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများပေါ် မူတည်၍) မလိုက်လျောမီနှင့်/သို့မဟုတ် လိုက်လျောပြီးနောက် တောင်းဆိုမှုနှင့်သက်ဆိုင်သည့် ကျွန်ုပ်တို့၏သုံးစွဲသူများအား အသိပေး၊ အကြောင်းကြားခွင့် (တောင်းဆိုမှုအရ ဆောင်ရွက်ရသည့် လုပ်ဆောင်ချက်များ အပါအဝင်) လက်ဝယ်ရှိပါသည်။ ယင်းမှာ ကျွန်ုပ်တို့၏သုံးစွဲသူများသည် တောင်းဆိုမှုအား တုံ့ပြန်ပိုင်ခွင့်ရှိကြောင်း သေချာစေရန် ဖြစ်ပါသည်။ ထို့အပြင် တောင်းဆိုမှုသည် အခြားသုံးစွဲသူများအား ထိခိုက်စေနိုင်သည့် လုပ်ဆောင်ချက်များနှင့် ဆက်စပ်နေပါက ကျွန်ုပ်တို့ လိုက်လျောခဲ့သော သက်ဆိုင်ရာ တောင်းဆိုမှုနှင့်ဆက်စပ်သည့် အခြားသုံးစွဲသူများကိုလည်း အသိပေး၊ အကြောင်းကြားမည်ဖြစ်သည်။

ဥပမာ၊ အကြောင်းအရာအား ဖျက်ပစ်ရန် တောင်းဆိုမှုတစ်ခုကို ကျွန်ုပ်တို့ လိုက်လျောခဲ့ပါက အဆိုပါအကြောင်းအရာအား ဖယ်ရှားရသည့် အကြောင်းအရင်းကို ကျွန်ုပ်တို့၏သုံးစွဲသူများထံ ဖော်ပြထားသော အသိပေးချက်တစ်ရပ်အား ဖယ်ရှားခဲ့သည့် အကြောင်းအရာ၏နေရာ၌ ပို့စ်တင်မည်ဖြစ်သည်။

3.6 ကျွန်ုပ်တို့သည် တောင်းဆိုမှုများအားလုံးကို အလိုအလျောက် လိုက်လျောခြင်းမပြုပါ။ ကျွန်ုပ်တို့သုံးစွဲသူများ၏ အခွင့်အရေးများကို လေးစားသောကြောင့် ကျွန်ုပ်တို့၏တုံ့ပြန်ဆောင်ရွက်မှုတွင် သက်ဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းများအားလုံးကို လိုက်နာထားကြောင်း သေချာစေရန်အလို့ငှာ တောင်းဆိုမှုများအားလုံးကို အမြဲတစေ ဂရုတစိုက် ပြန်လည်သုံးသပ်မည်ဖြစ်ပါသည်။ ယင်းတို့တွင် ရုံးတွင်းနှင့် ပြင်ပအဖွဲ့အစည်းမှ သင့်လျော်သော ကျွမ်းကျင်ပညာရှင်၏ အကြံပြုချက် ရယူခြင်း ပါဝင်ပါသည်။

4. ဤမူဝါဒအား ကျွန်ုပ်တို့ကျင့်သုံးပုံ

အထက်တွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့သည် ဤမူဝါဒအား နိုင်ငံတကာ၌ မျှတစွာ တစ်သတ်မတ်တည်းကျင့်သုံးရန် ရည်ရွယ်ပါသည်။ ဤမူဝါဒအား ကျွန်ုပ်တို့ကျင့်သုံးပုံနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါအချက်များကို ကျွန်ုပ်တို့ ဂရုပြုပါသည်-

5. တောင်းဆိုမှုများအား ကိုင်တွယ်ဆောင်ရွက်ပုံအကျဉ်းချုပ်

5.1 တောင်းဆိုမှုတစ်ခု ရရှိသောအခါတွင် ကျွန်ုပ်တို့သည် ယေဘုယျအားဖြင့် အောက်ဖော်ပြပါတို့နှင့်အညီ အဆိုပါတောင်းဆိုမှုကို ကိုင်တွယ်ဆောင်ရွက်ပါသည် (ထို့အပြင် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများကိုလည်း အမြဲတစေ လိုက်နာပါသည်)-

6. မည်သည့် တောင်းဆိုမှုအမျိုးအစားများကို ကျွန်ုပ်တို့ မည်သို့ တုံ့ပြန်ဆောင်ရွက်ပါသနည်း။

6.1 ယေဘုယျလိုအပ်ချက်များ

အကယ်၍ သင်သည် တောင်းဆိုမှုပြုလုပ်ပါက သင့်တောင်းဆိုမှုကို

အထက်ပါလိုအပ်ချက်များနှင့် ပြည့်မီခြင်းမရှိသော တောင်းဆိုမှုများကို တုံ့ပြန်ဖြေကြားမည်မဟုတ်ပါ။

6.2 တောင်းဆိုမှုများကို မည်သူပေးပို့နိုင်သနည်း။

သင့်လျော်သော တောင်းဆိုသည့် အာဏာပိုင်များသည် မတူညီသော တရားစီရင်ပိုင်ခွင့်များ ကွဲပြားနိုင်ပါသည်။ တရားစီရင်ပိုင်ခွင့်ပေါ်မူတည်၍ တရားဝင်တောင်းဆိုမှုများကို အစိုးရအေဂျင်စီများ သို့မဟုတ် အခြားသော အာဏာပိုင်များ (ဥပမာ ရွေးကောက်ပွဲကော်မရှင်များ၊ ဆက်သွယ်ရေး အာဏာပိုင်များ၊ စားသုံးသူကာကွယ်ရေး အာဏာပိုင်များ အစရှိသည်) က တင်ပြနိုင်ပါသည်။.

အဆိုပါအာဏာပိုင်အများအပြား၏ အခွင့်အာဏာသည် တရားစီရင်ပိုင်ခွင့်အလိုက် ကွဲပြားပါသည်။ အထက်ဖော်ပြပါအတိုင်းပင် ကျွန်ုပ်တို့သည် သက်ဆိုင်သည့်ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ တောင်းဆိုမှုများအားလုံးကို ပြန်လည်သုံးသပ်မည်ဖြစ်သည်။

6.3 တောင်းဆိုခြင်း ဖောင်ပုံစံ

အောက်ဖော်ပြပါအချက်အလက်များနှင့် သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းများအရ လိုအပ်သော အခြားအချက်အလက်များ ပါဝင်သည့် တောင်းဆိုမှုများကိုသာ တုံ့ပြန်ဖြေကြားမည်ဖြစ်ပါသည်-

ကျွန်ုပ်တို့သည် မတိကျ၊ မရေရာသော သို့မဟုတ် မပြည့်စုံသော တောင်းဆိုမှုများအား တုံ့ပြန်ဖြေကြားနိုင်မည်မဟုတ်ကြောင်း သတိပြုပါ။

7. ကျွန်ုပ်တို့၏သုံးစွဲသူများအား အသိပေးအကြောင်းကြားခြင်း

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သုံးစွဲသူများ၏ အခွင့်အရေးများနှင့် ကိုယ်ရေးလုံခြုံမှုတို့ကို လေးစားပါသည်။ အထက်ပါ အပိုဒ် 3.5 တွင် ဖော်ပြထားသည့်အတိုင်းပင် သက်ဆိုင်ရာဥပဒေများ သို့မဟုတ် စည်းမျဉ်းများ၊ တရားဝင်အသိပေးစာဆိုင်ရာ စည်းမျဉ်းများ (လျှို့ဝှက်ထားရှိရေးအမိန့်ကဲ့သို့သော) အရ အရေးယူဆောင်ရွက်ခြင်းမပြုမီ တောင်းဆိုမှုများနှင့်ဆက်စပ်သော သက်ဆိုင်သည့် အသုံးပြုသူထံ အကြောင်းကြားခြင်းမပြုရန် ကျွန်ုပ်တို့အား တားမြစ်ထားခြင်းမရှိပါက သို့မဟုတ် ယင်းလုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့ သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်စုံတစ်ရာအပေါ် ကျရောက်လုဆဲဆဲအန္တရာယ် သို့မဟုတ် ဘေးအန္တရာယ် ဖြစ်စေနိုင်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ကျွန်ုပ်တို့ ယုံကြည်ယူဆသောနေရာ၌ ယင်းသုံးစွဲသူထံ အသိပေး၊ အကြောင်းကြားမည်ဖြစ်သည်။ ယင်းအသိပေးချက်သည် နောက်ဆုံးပိတ်သုံးစွဲသူအား သင့်လျော်သော အကာအကွယ်ထွက်ပေါက် ရှာနိုင်စေမည်ဖြစ်သည်။

အသိပေး၊ အကြောင်းကြားခြင်းသည် ဆောင်ရွက်လျက်ရှိသော ဥပဒေပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ထိခိုက်စေနိုင်သည်ဟု ယူဆသော တောင်းဆိုသည့် အာဏာပိုင်များသည် အထူးသဖြင့် ကျွန်ုပ်တို့သုံးစွဲသူများအား အသိပေးခြင်းကို တားမြစ်ကန့်သတ်သော သင့်လျော်သည့် တရားရုံးအမိန့်စာ သို့မဟုတ် တရားစွဲဆိုချက်ကို ရယူထားသင့်ပါသည်။ တောင်းဆိုမှုနှင့်ဆက်စပ်သော သုံးစွဲသူအား အသိပေး၊ အကြောင်းကြားခြင်းသည် ဆောင်ရွက်လျက်ရှိသော ဥပဒေပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ထိခိုက်စေနိုင်သောကြောင့် အသိပေး၊ အကြောင်းကြားခြင်းမပြုရန် တောင်းဆိုရန်မှာ တောင်းဆိုသည့် အာဏာပိုင်၏တာဝန်ဖြစ်သည်။

သင်၏တောင်းဆိုမှုသည် ဖြစ်ပွားလျက်ရှိသော သို့မဟုတ် ယခင်ဖြစ်ပွားခဲ့သော ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများအား ချိုးဖောက်မှုနှင့် ဆက်စပ်နေပါက ထပ်မံ၍ အလွဲသုံးစားမပြုစေရန်အတွက် သုံးစွဲသူ၏ပေါ့ဆမှုကို ကျွန်ုပ်တို့ သတိပြုမိကြောင်း ၎င်းတို့ကို အသိပေး၊ အကြောင်းကြားသည့် လုပ်ဆောင်ချက်များအပါအဝင် အရေးယူဆောင်ရွက်ခြင်း လုပ်ဆောင်သွားမည်ဖြစ်သည်။ အကယ်၍ အဆိုပါလုပ်ဆောင်ချက်များသည် ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးမှုကို ထိခိုက်စေနိုင်သည်ဟု စိတ်ရင်းမှန်ဖြင့် ယူဆပါက အသိပေးခြင်းမပြုရန် တားမြစ်သည့် သင့်လျော်သော တရားရုံးအမိန့်စာ သို့မဟုတ် တရားဝင်အသိပေးစာကို ကျွန်ုပ်တို့ထံ ပေးဆောင်ခြင်းအပါအဝင် ယင်းလုပ်ဆောင်ချက်အား ရွှေ့ဆိုင်းထားရန်အတွက် တောင်းဆိုရန်မှာ သင့်တာဝန်ပင်ဖြစ်သည်။

ကျွန်ုပ်တို့ထံတွင် ဖွင့်ဟထုတ်ဖော်ခြင်းမပြုရန် တောင်းဆိုချက်များ သို့မဟုတ် အမိန့်များကို သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ စောဒကတက်ပိုင်ခွင့်ရှိသည်။

8. ကုန်ကျစရိတ်များ အလျော်ပေးခြင်း

သက်ဆိုင်ရာ ဥပဒေနှင့်စည်းမျဉ်းများက ခွင့်ပြုသည့်အတိုင်းအတာအထိ တောင်းဆိုမှုအား တုံ့ပြန်ဆောင်ရွက်ရာတွင် ကျသင့်သော ကျွန်ုပ်တို့၏ကုန်ကျစရိတ်များကို သင့်ထံမှ ပြန်လည်တောင်းခံမည်ဖြစ်သည်။

9. တောင်းဆိုမှုများအား မည်သည့်နေရာသို့ ပေးပို့သင့်ပါသနည်း။

တောင်းဆိုမှုများအားလုံးကို အကြောင်းအရာတွင် "အစိုးရပိုင်းဆိုင်ရာ တောင်းဆိုမှု (တရားစီရင်ပိုင်ခွင့်ကို ထည့်သွင်းပါ)" ဟု ဖြည့်သွင်းလျက် policy@wechat.com ထံ ပေးပို့ရပါမည်။

သတိပြုသင့်သည်မှာ-