WECHAT - လက်ခံထားသော သုံးစွဲမှုမူဝါဒ

နောက်ဆုံးအကြိမ် ပြင်ဆင်မွမ်းမံခြင်း - [ထည့်သွင်းရန်။] 2023-08-01

WeChat မှ ကြိုဆိုပါသည်။

လက်ခံထားသော သုံးစွဲမှုမူဝါဒတွင် WeChat အား သင့်လျော်ကောင်းမွန်စွာ အသုံးပြုကြောင်း သေချာနိုင်စေရန်အတွက် စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းထားသည်။

ဤမူဝါဒ (WeChat ဝန်ဆောင်မှုဆိုင်ရာ စည်းမျည်းစည်းကမ်းများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်) သည် WeChat ကို အသုံးပြုသူတိုင်းနှင့် သက်ဆိုင်ပါသည်။ WeChat ကို အသုံးပြုခြင်းဖြင့် သင်သည် ဤမူဝါဒကို သဘောတူရာရောက်ပါသည်။ အဆိုပါမူဝါဒကို သင် သဘောမတူပါက WeChat ကို အသုံးမပြုပါနှင့်။

ကျွန်ုပ်တို့သည် ဤမူဝါဒအား ဝန်ဆောင်မှုဆိုင်ရာ စည်းမျည်းစည်းကမ်းများနှင့်အညီ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် အချိန်မရွေး ပြင်ဆင်မွမ်းမံနိုင်ပါသည်။

ဤမူဝါဒတွင် အသုံးပြုထားသော သတ်မှတ်စည်းမျဉ်းစည်းကမ်းများသည် ဤမူဝါဒတွင် ဖော်ပြထားသော အဓိပ္ပါယ်ရှိမည်ဖြစ်သည် သို့မဟုတ် ဤမူဝါဒတွင် အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိပါက WeChat ဝန်ဆောင်မှုဆိုင်ရာ စည်းမျည်းစည်းကမ်းများတွင် ဖော်ပြထားသော အဓိပ္ပါယ်ရှိမည်ဖြစ်သည်။

ဤမူဝါဒနှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်များရှိပါက ဤမူဝါဒ၏အဆုံး၌ပါရှိသော အသေးစိတ်အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

1. အထွေထွေ

1.1. မိတ်ဆက်

WeChat အတွက် ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ ကျွန်ုပ်တို့သုံးစွဲသူများ၏ဘဝများအပေါ် အမြဲတစေ ကောင်းကျိုးသက်ရောက်စေရန်နှင့် သုံးစွဲသူများကို အကျိုးပြုသော ပလပ်ဖောင်းတစ်ခုဖြစ်လာစေရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် WeChat အား အဆင့်မြှင့်တင်ရန်နှင့် ဆန်းသစ်ပြောင်းလဲရန် စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိပါသည်။ အဆိုပါရည်မှန်းချက်အား အောင်မြင်မှု၏တစ်စိတ်တစ်ပိုင်းမှာ သုံးစွဲသူများ WeChat ကို ဘေးကင်းစွာ ဆက်လက်အသုံးပြုနိုင်ပြီး သုံးစွဲသူများအားလုံးက WeChat အား လက်ခံနိုင်သော အပြုအမူဖြင့် အသုံးပြုကြောင်း သေချာစေခြင်းဖြစ်သည်။ အဆိုပါမူဝါဒတွင် သုံးစွဲသူများက WeChat အား သင့်လျော်ကောင်းမွန်စွာ အသုံးပြုကြောင်း သေချာစေရန်အတွက် စည်းမျဉ်းများကို ပြဋ္ဌာန်းထားသည်။ WeChat ပေါ်တွင် ခွင့်ပြု ထား သော သို့မဟုတ် ခွင့်ပြု ခြင်း မ ရှိ သော အကြောင်းအရာ များ နှင့် အပြုအမူ အမျိုးအစား များ ကို ထပ်မံ ရှင်းပြ ထား သော ၊ WeChat လူ့အသိုင်းအဝိုင်း လမ်းညွှန် ကို လည်း သင် ရည်ညွှန်း နိုင် ပါ သည် ။

ကျွန်ုပ်တို့သည် ဤမူဝါဒကို ဖန်တီးရေးဆွဲရာ၌ သုံးစွဲသူများနှင့် နယ်ပယ်တွင်းရှိ ကျွမ်းကျင်သူများထံမှ စဉ်ဆက်မပြတ်သော တုံ့ပြန်မှုများကို လမ်းညွှန်ချက်အဖြစ် အသုံးပြုပြီး ဤမူဝါဒတွင် မတူကွဲပြားသော စိတ်ကူးအတွေးအမြင်များ၊ ရှုထောင့်များနှင့် အချက်အလက်များပါဝင်ကြောင်း သေချာစေရန် ကြိုးစားထားပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သုံးစွဲသူများထံမှ တုံ့ပြန်ချက်များကို အမြဲတစေ ကြိုဆိုလျက်ရှိပါသည် - သင် တုံ့ပြန်ချက်ပေးလိုပါက ဤမူဝါဒအဆုံးတွင် ဖော်ပြထားသော အသေးစိတ်အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

1.2. ဤမူဝါဒ စိုးမိုးရေးနှင့် ချိုးဖောက်မှု (သို့မဟုတ် ဖြစ်ပွားလာနိုင်သော ချိုးဖောက်မှု)

သင် ဤမူဝါဒကို ချိုးဖောက်ခဲ့ပါက (သို့မဟုတ် သင်ချိုးဖောက်ခဲ့သည်ဟု ကျွန်ုပ်တို့က ကျိုးကြောင်းဆီလျော်စွာ ယူဆပါက) ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် အောက်ဖော်ပြပါတစ်စုံတစ်ရာ သို့မဟုတ် အားလုံးကို လုပ်ဆောင်နိုင်ပါသည်-

ဤမူဝါဒကို တရားစီရင်ပိုင်ခွင့်များအားလုံး၌ တသတ်မတ်တည်းကျင့်သုံးရန် ရည်ရွယ်ထားပြီး၊ အချို့သော တရားစီရင်ပိုင်ခွင့်များတွင် ဤမူဝါဒ၏အစိတ်အပိုင်းများအား မတူကွဲပြားစွာ ကျင့်သုံးရန် လိုအပ်သော သက်ဆိုင်သည့်ဥပဒေများအရ သီးခြားလိုအပ်ချက်များ ရှိနိုင်ပါသည်။ ထို့ပြင် WeChat နှင့်သက်ဆိုင်သော ဥပဒေများကို အမြဲတစေ တိုးတက်ပြောင်းလဲနေသည့်အတွက်ကြောင့် အခြားသော တရားစီရင်ပိုင်ခွင့်များရှိ သုံးစွဲသူများနှင့်သက်ဆိုင်သော ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ၏ အပြောင်းအလဲများကို ကျေးဇူးပြုပြီး သတိထားစေလိုပါသည်။

ဤမူဝါဒအား ချိုးဖောက်နိုင်ချေရှိသော အခြားသုံးစွဲသူကို တိုင်ကြားလိုပါက ကျွန်ုပ်တို့၏ ဆက်သွယ်ရန်အချက်အလက်များအတွက် ဤမူဝါဒပါ အပိုဒ် 12 ကို ကိုးကားပါ။

1.3. ဤမူဝါဒကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကျင့်သုံးသနည်း။

ကျွန်ုပ်တို့သည် ဤမူဝါဒအား ကျင့်သုံးသောအခါနှင့် အကြောင်းအရာ သို့မဟုတ် အပြုအမူတစ်စုံတစ်ရာသည် ဤမူဝါဒအား ချိုးဖောက်ခြင်းရှိ၊ မရှိ စဉ်းစားဆင်ခြင်သောအခါတို့၌ ကျိုးကြောင်းဆီလျော်စွာ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုမူဝါဒအား ချိုးဖောက်သည့် အကြောင်းအရာ သို့မဟုတ် အပြုအမူများဟု ကျွန်ုပ်တို့ဘက်က ယူဆသည့် နောက်ထပ်အချက်အလက်များအတွက် ယခုမူဝါဒ၏ ကျန်ရှိသောအပိုင်းများကို ဆက်လက်ဖတ်ရှုပါ-

WeChat အသုံးပြုခြင်းသည် ကျွန်ုပ်တို့၏သုံးစွဲသူများအတွက် ဘေးကင်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော အတွေ့အကြုံ ပေးစွမ်းနိုင်ကြောင်း သေချာစေရန်အပြင် ဤမူဝါဒသည် ကျွန်ုပ်တို့၏တန်ဖိုးများ၊ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများကို ထင်ဟင်ပြသနေကြောင်း သေချာစေရန်အတွက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သုံးစွဲသူများ၊ ပြင်ပအဖွဲ့အစည်း ကျွမ်းကျင်ပညာရှင်များနှင့် မကြာခဏ ချိတ်ဆက်ဆက်သွယ်သွားမည် ဖြစ်ပါသည်။

1.4 အန္တရာယ်ရှိသောအကြောင်းအရာများကို ကျွန်ုပ်တို့ဘက်က စုံစမ်းသိရှိပုံ

ကျွန်ုပ်တိုအနေဖြင့် WeChat အား ဝင်ရောက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ကျန်ရှိနေခြင်း စသည်တို့မှ ဖြစ်ပေါ်လာမည့် ယခုမူဝါဒ (သက်ဆိုင်ရာဥပဒေများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သည့် အကြောင်းအရာများ အပါအဝင်) အား ချိုးဖောက်သည့် အန္တရာယ်ရှိသော အကြောင်းအရာများကို စုံစမ်းသိရှိရန်နှင့် တားဆီးရန် အလို့ငှာ သက်ဆိုင်ရာဥပဒေများအောက်ရှိ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများနှင့်အညီ အလိုအလျောက်ဖြစ်သော လုပ်ငန်းစဉ်ကို ဖန်တီးအသုံးချထားပါသည်။ ယခုမူဝါဒအား ချိုးဖောက်ခြင်းဖြစ်သည့် WeChat မှတစ်ဆင့် ရရှိနိုင်သော သို့မဟုတ် ပျံ့နှံ့လာသော အန္တရာယ်ရှိသည့် မည်သည့်အကြောင်းအရာကိုမဆို ကျွန်ုပ်တို့ဘက်က ငြင်းဆိုခြင်း သို့မဟုတ် ဖယ်ရှားခြင်း လုပ်ဆောင်နိုင်ပါသည်။ ယခုပုဒ်မ 1.4 နှင့်အညီဆောက်ရွက်သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး မေးမြန်းလိုသည်များရှိပါက policy@wechat.com သို့ ဆက်သွယ်နိုင်ပါသည်။

1.5 Weixin နှင့် အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်မှု

WeChat ကို Weixin နှင့် အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ပြီး Weixin အသုံးပြုသူများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ Weixin ၏ အချို့သော လုပ်ဆောင်ချက်များကို အသုံးပြုခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။

Weixin ၏ လုပ်ဆောင်ချက်များကို အသုံးပြုလျှင် သက်ဆိုင်ရာ Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ သို့မဟုတ် ထိုလုပ်ဆောင်ချက်အတွက် အကျုံးဝင်သည့် ဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်တို့ကို လိုက်နာရပါမည်။အဆိုပါ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့ပါက ကျွန်ုပ်တို့ဆုံးဖြတ်ချက်အလိုက် Weixin ၏ လုပ်ဆောင်ချက်များအား သင်အသုံးပြုမှုအပေါ် တားမြစ်မှုများ အပါအဝင် WeChat နှင့် Weixin အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်မှုကို ကန့်သတ်မှုများ ရှိနိုင်သည်။

သင်ပြောဆိုဆက်သွယ်သည့် Weixin အသုံးပြုသူများသည် Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ *Weixin အကောင့် အသုံးပြုမှုဆိုင်ရာ စံချိန်စံညွှန်းများ *းနှင့် အခြားသက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းဥပဒေများကို လိုက်နာရပါမည်။ ဆိုလိုသည်မှာ Weixin အသုံးပြုသူများနှင့် သင့်အကြား ပြောဆိုဆက်သွယ်မှုကြောင့် အဆိုပါ Weixin အသုံးပြုသူများသည် Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ *Weixin အကောင့် အသုံးပြုမှုဆိုင်ရာ စံချိန်စံညွှန်းများ *းနှင့် အခြားသက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းဥပဒေများကို ချိုးဖောက်မှုများ ဖြစ်လာနိုင်ပါက Weixin သည် ၎င်း၏ဆုံးဖြတ်ချက်အလျောက် Weixin အသုံးပြုသူများကို WeChat အသုံးပြုသူများနှင့် ပြောဆိုဆက်သွယ်မှုများကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း အပါအဝင် Weixin တွင် WeChat သုံး၍ အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်မှုကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ လုပ်နိုင်သည်။

နောက်ဆုံးအနေဖြင့် ဤမူဝါဒကို သင်ချိုးဖောက်ခဲ့လျှင် (သို့မဟုတ် ချိုးဖောက်ခဲ့သည်ဟု ကျွန်ုပ်တို့က ကျိုးကြောင်းဆီလျော်စွာ ယုံကြည်လျှင်) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဆုံးဖြတ်ချက်အလျောက် ဤမူဝါဒနှင့်အညီ အရေးယူသွားနိုင်ပါသည်။

2. အကြမ်းဖက်မှုနှင့် ရာဇဝတ်မှု

ကျွန်ုပ်တို့သည် အကြမ်းဖက်သော၊ ဥပဒေချိုးဖောက်သော သို့မဟုတ် မသင့်လျော်သော အကြောင်းအရာများကို WeChat တွင် တားမြစ်ထားပါသည်။

အထူးသဖြင့် ကျွန်ုပ်တို့သည် အများပြည်သူဘေးကင်းရေးအပေါ် အန္တရာယ်ကျရောက်စေနိုင်သော သို့မဟုတ် တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေနိုင်သော (ကျွန်ုပ်တို့၏အမြင်အရ) မည်သည့်အကြောင်းအရာကိုမဆို အစောဆုံး လက်တွေ့ဆောင်ရွက်နိုင်သည့်အချိန်၌ ဖယ်ရှားကြောင်း သေချာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ထို့အပြင် သက်ဆိုင်သည့် ဥပဒေ သို့မဟုတ် စည်းမျဉ်းတစ်စုံတစ်ရာကို ချိုးဖောက်သော မည်သည့်အကြောင်းအရာကိုမဆို အစောဆုံး လက်တွေ့ဆောင်ရွက်နိုင်သည့်အချိန်၌ ဖယ်ရှားမည်ဖြစ်သည်။

ယင်းကဲ့သို့သော အကြောင်းအရာ သို့မဟုတ် အပြုအမူတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-

ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် ကြော်ငြာခြင်းအပါအဝင် အထက်ဖော်ပြပါအခြေအနေများတွင် ပါဝင်သည့် မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကိုမဆို ကျွန်ုပ်တို့ တားမြစ်ပိတ်ပင်ပါသည်။

မတူညီသော တရားစီရင်ပိုင်ခွင့်များ၌ ကျူးလွန်သော ဥပဒေချိုးဖောက်သည့်နှင့်/သို့မဟုတ် တရားမဝင်သည့် လှုပ်ရှားမှုများတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-

ကျွန်ုပ်တို့ WeChat တွင် တားမြစ်ထားသည့် အမျိုးမျိုးသော တရားမဝင်လှုပ်ရှားမှုများနှင့်စပ်လျဉ်းသည့် ထပ်လောင်းအသေးစိတ်အချက်အလက်များကို ဤမူဝါဒဆိုင်ရာ သတိပေးချက်တွင် ဖော်ပြထားပါသည်။

3. ကိုယ်ရေးအချက်အလက် လုံခြုံမှု

ကျွန်ုပ်တို့သည် WeChat မှာ ကျွန်ုပ်တို့၏သုံးစွဲသူများအားလုံးအတွက် ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်ကြောင်း သေချာစေလိုပါသည်။

ထို့အတွက် ကျွန်ုပ်တို့သည် အောက်ဖော်ပြပါအခြေအနေများအား သရုပ်ဖော်ခြင်း၊ ကြော်ငြာခြင်း သို့မဟုတ် ပါဝင်လာစေရန် တိုက်တွန်းအားပေးခြင်း သို့မဟုတ် ဆွယ်ခြင်းတို့နှင့်ဆက်စပ်သော မည်သည့်အကြောင်းအရာ သို့မဟုတ် အပြုအမူမျိုးကိုမဆို တားမြစ်အပ်ပါသည်-

4. ကိုယ်ရေးအချက်အလက်နှင့် သီးသန့်/လျှို့ဝှက်အချက်အလက်များကို ကာကွယ်ခြင်း

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်နှင့် သီးသန့်/လျှို့ဝှက်အချက်အလက်များကို ကာကွယ်ရန်နှင့် အဆိုပါအချက်အလက်များအား သက်ဆိုင်ရာသုံးစွဲသူ၏ ခွင့်ပြုချက် သို့မဟုတ် အခြားသော တရားဥပဒေအရ လိုအပ်ချက်မပါရှိဘဲ မျှဝေခြင်း သို့မဟုတ် ထုတ်ဝေခြင်းကို တားမြစ်ရန် ဆောင်ရွက်ပါသည်။ အဆိုပါတားမြစ်ထားသော အပြုအမူများတွင် အောက်ပါတို့ ပါဝင်ပါသည်-

ထို့အပြင် ကျွန်ုပ်တို့သုံးစွဲသူများ၏အချက်အလက်များကို ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ အမြဲတစေ ကိုင်တွယ်ဆောင်ရွက်၊ ကာကွယ်ပါသည်။

5. မနှစ်မြို့ဖွယ် အကြောင်းအရာ

ကျွန်ုပ်တို့သည် မနှစ်မြို့ဖွယ် အကြောင်းအရာနှင့် အပြုအမူတို့ကို WeChat ပေါ်တွင် တားမြစ်ထားပါသည်။ ကျွန်ုပ်တို့သည် မနှစ်မြို့ဖွယ် အကြောင်းအရာနှင့် အပြုအမူအား လူတစ်ဦးတစ်ယောက်နှင့်/သို့မဟုတ် အများပြည်သူအား ကျိုးကြောင်းသင့်တင့်စွာ စိတ်မချမ်းသာခြင်းနှင့်/သို့မဟုတ် ပူပင်သောက ဖြစ်စေနိုင်သော အကြောင်းအရာ သို့မဟုတ် အပြုအမူအဖြစ် မှတ်ယူပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည်-

6. စစ်မှန်သော အကြောင်းအရာနှင့် အပြုအမူ

WeChat ပေါ်ရှိ မှားယွင်းသော သတင်းများ၊ လုပ်ကြံသတင်းများ၊ သတင်းမှားများ၊ လိမ်လည်ကြော်ငြာခြင်း၊ လိမ်လည်ခြင်းနှင့် လုံခြုံရေးချိုးဖောက်ခြင်းများကို ဖယ်ရှားရှင်းလင်းရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် WeChat ပေါ်ရှိ အကြောင်းအရာနှင့် အပြုအမူများသည် မှန်ကန်ကြောင်း သေချာနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပါသည်။

ထို့အတွက် ကျွန်ုပ်တို့သည် အောက်ပါအကြောင်းအရာများကို တားမြစ်အပ်ပါသည်-

အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များသည် အဆိုပါနယ်ပယ်ကဏ္ဍ၌ ဥပဒေများကို ပြဋ္ဌာန်းပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့လုပ်ဆောင်ရန် လိုအပ်သည့်နေရာ၌ အဆိုပါဥပဒေများကို လိုက်နာပါသည် (အဆိုပါဥပဒေများနှင့်အညီ ရေးဆွဲပြုလုပ်ထားသော အစိုးရပိုင်းဆိုင်ရာ တောင်းဆိုချက်များနှင့် တရားရုံးအမိန့်စာများ အပါအဝင်)။ အစိုးရပိုင်းဆိုင်ရာ တောင်းဆိုချက်များအား ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်သည့် ထပ်လောင်းအချက်အလက်များအတွက် ကျွန်ုပ်တို့၏ တရားဥပဒစိုးမိုးရေးအဖွဲ့၏ အချက်အလက်တောင်းဆိုမှုဆိုင်ရာ လမ်းညွှန်ချက်များ နှင့် အစိုးရပိုင်းဆိုင်ရာ တောင်းဆိုမှု မူဝါဒတို့တွင် ကြည့်ရှုပါ။

7. WeChat အား အလွဲသုံးစားပြုခြင်း

7.1. အထွေထွေ

ကျွန်ုပ်တို့သည် WeChat အား အလွဲသုံးစားပြုမှုကို တားမြစ်အပ်ပါသည်။ ယင်းတို့တွင် ပါဝင်သည်များမှာ-

7.2. ကျွန်ုပ်တို့၏အခွင့်အရေးများအား ချိုးဖောက်ခြင်းနှင့် WeChat အား နည်းပညာပိုင်းဆိုင်ရာ နှောင့်ယှက်တိုက်ခိုက်ခြင်း

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အခွင့်အရေးများကို ချိုးဖောက်သော (သို့မဟုတ် ချိုးဖောက်ရာရောက်နိုင်သော) သို့မဟုတ် တစ်နည်းအားဖြင့် WeChat အား နည်းပညာပိုင်းအရ နှောင့်ယှက်တိုက်ခိုက်သော WeChat အသုံးပြုမှုများကို တားမြစ်ထားပါသည်။ ယင်းကဲ့သို့သောအသုံးပြုမှုများတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-

7.3. တားမြစ်ထားသော အသုံးပြုသူများ

အောက်ဖော်ပြပါအခြေအနေတို့တွင် သင်သည် WeChat ၌ မှတ်ပုံတင်နိုင်မည်မဟုတ်ပါ သို့မဟုတ် အသုံးပြုနိုင်မည်မဟုတ်ပါ-

8. စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းချုပ်ထားသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ

အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များတွင် အချို့သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများသည် တရားမဝင်ဖြစ်နိုင်ပါသည် သို့မဟုတ် ကန့်သတ်ချက်များ၊ တားမြစ်ချက်များနှင့်အညီ ဖြန့်ဖြူးခြင်းနှင့်/သို့မဟုတ် ရောင်းချခြင်း လုပ်ဆောင်နိုင်ပါသည်။

မတူကွဲပြားသော တရားစီရင်ပိုင်ခွင့်များသည် အမျိုးမျိုးသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို မတူကွဲပြားစွာ ကိုင်တွယ်ဆောင်ရွက်နိုင်ကြောင်း ကျွန်ုပ်တို့ လက်ခံပါသည်။ နိုင်ငံတကာရှိ သုံးစွဲသူများအားလုံးအတွက် ယင်းကို ဤမူဝါဒအားကျင့်သုံးရန်ဖြစ်သော ကျွန်ုပ်တို့၏ရည်မှန်းချက်နှင့် မျှတစွာ၊ တသတ်မတ်တည်း ချိန်ညှိရန် လိုအပ်ပါသည်။

ထို့ကြောင့် အချို့သော အခြေအနေများ၌ ကျွန်ုပ်တို့သည် အချို့သောအရာပစ္စည်းများအား ရောင်းချခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို လုံးဝတားမြစ်နိုင်ပါသည်။ အခြားသော အခြေအနေများ၌ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထုတ်ပြန်ထားသော အချို့ကန့်သတ်ချက်များ (ဥပမာ၊ အသက်အရွယ် သို့မဟုတ် ပထဝီဝင်ကန့်သတ်ချက်) နှင့်အညီ အဆိုပါရောင်းချမှု သို့မဟုတ် ဖြန့်ချိမှုကို ခွင့်ပြုနိုင်ပါသည်။ ယင်းကဲ့သို့သော ကန့်သတ်ချက်များအတွက် သက်ဆိုင်ရာဥပဒေများနှင့် လမ်းညွှန်ချက်များကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ပြင်ဆင်မွမ်းမံနိုင်ပါသည်။

ယင်းကဲ့သို့သော အရာပစ္စည်းများတွင် အောက်ပါတို့ ပါဝင်ပါသည်-

ထပ်လောင်းကန့်သတ်ချက်များ (နှင့် အဆိုပါကန့်သတ်ချက်များနှင့်စပ်လျဉ်းသော အသေးစိတ်အချက်အလက်များ) အား အခြားသော သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများတွင် ဖော်ပြထားမည်ဖြစ်ပါသည်။

9. ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများနှင့် အခြားသော အကြောင်းအရာများအား ကျွန်ုပ်တို့၏ ကိုင်တွယ်ဆောင်ရွက်ပုံ

ကျွန်ုပ်တို့သည် ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများကို အလေးအနက်ထားပြီး WeChat သည် သက်ဆိုင်သည့် ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများနှင့်ဆက်စပ်သော ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာကြောင်း သေချာစေရန် အမြဲတစေ ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည် အဖွဲ့အစည်းတစ်ခု၏ ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုနှင့်/သို့မဟုတ် အခြားသော ပိုင်ဆိုင်မှု အခွင့်အရေးများအား ချိုးဖောက်သည့် မည်သည့်အကြောင်းအရာကိုမဆို အချိန်မရွေး ဖယ်ရှားနိုင်ပါသည်။

ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများနှင့် အခြားသော အကြောင်းအရာများအား ကျွန်ုပ်တို့၏ ကိုင်တွယ်ဆောင်ရွက်ပုံမှာ အောက်ပါတို့နှင့် သက်ဆိုင်ပါသည်-

ထို့အပြင် ကျွန်ုပ်တို့သည် အောက်ဖော်ပြပါ တောင်းဆိုချက်များကို လိုက်နာပါသည် (သက်ဆိုင်သည့် ဥပဒေများနှင့်သက်ဆိုင်သော၊ သက်ဆိုင်ရာ WeChat မူဝါဒများနှင့်အညီ)-

10. အစိုးရအာဏာပိုင်များထံမှ တောင်းဆိုချက်များ

10.1. ကျွန်ုပ်တို့သည် အစိုးရအာဏာပိုင်များထံမှ WeChat နှင့်ပတ်သက်သော တောင်းဆိုချက်အမျိုးမျိုးကို လက်ခံရရှိပါသည်။ တောင်းဆိုမှုကို-

11. နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာ အကြောင်းအရာ

11.1. ကျွန်ုပ်တို့သည် အောက်ဖော်ပြပါအခြေအနေများတွင် WeChat ပေါ်၌ နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာကို တားမြစ်ထားပါသည်-

11.2. "နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာ" သည် အောက်ဖော်ပြပါတို့နှင့်ပတ်သက်သော ကြော်ငြာအကြောင်းအရာ ဖြစ်သည်-

ထို့အပြင် ကျွန်ုပ်တို့သည် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း၊ နိုင်ငံရေးပါတီ သို့မဟုတ် တာဝန်ပေးအပ်ခြင်းခံရသော အစိုးရအရာရှိထံမှ သို့မဟုတ် ၎င်းတို့က ငွေပေးချေသည့် နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာကိုလည်း လက်မခံပါ။

11.3. နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-

11.4. မတူကွဲပြားသော တရားစီရင်ပိုင်ခွင့်များတွင် နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာအပေါ် စိုးမိုးသော ဥပဒေအမျိုးမျိုးရှိကြောင်း ကျွန်ုပ်တို့ လက်ခံပါသည်။ ကျွန်ုပ်တို့သည် အဆိုပါဥပဒေများအား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါက လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့တွင် နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာများနှင့်စပ်လျဉ်းသော အချက်အလက်များကို ထိန်းသိမ်းထားရှိခြင်းနှင့် အဆိုပါအချက်အလက်များကို သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်များထံ ထုတ်ဖော်ခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် အစိုးရအာဏာပိုင်များသည် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ၊ ကျွန်ုပ်တို့၏ အစိုးရပိုင်းဆိုင်ရာ တောင်းဆိုမှု မူဝါဒအရ နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာကို ဖယ်ရှားပစ်ရန် လိုအပ်နိုင်ပါသည်။

11.5. ကျွန်ုပ်တို့သည် ဤနယ်ပယ်ကဏ္ဍကို ဆက်လက်သုံးသပ်သွားမည်ဖြစ်ပြီး နိုင်ငံဆိုင်ရာ သီးခြား သို့မဟုတ် အခြားသော တားမြစ်ချက်များ သို့မဟုတ် ကန့်သတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရံဖန်ရံခါတွင် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။ အဆိုပါတားမြစ်ချက်များ သို့မဟုတ် ကန့်သတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့၏အသုံးပြုသူများကို အသိပေး၊ အကြောင်းကြားသွားမည်ဖြစ်သည်။

12. ကျွန်ုပ်တို့အား ဆက်သွယ်ရန်နည်းလမ်း

ဤမူဝါဒအား ချိုးဖောက်မှုတစ်စုံတစ်ရာ (သို့မဟုတ် ဖြစ်ပွားလာနိုင်ချေရှိသော ချိုးဖောက်မှုများ) ကို တိုင်ကြားရန် သို့မဟုတ် ဤမူဝါဒနှင့်စပ်လျဉ်းသည့် အခြားသော မေးမြန်းလိုသည်များရှိပါက ကျွန်ုပ်တို့ထံသို့ policy@wechat.com မှတဆင့် ဆက်သွယ်ပါ။

တောင်ကိုရီးယားနိုင်ငံ တရားစီရင်ပိုင်ခွင့်တွင် အကျုံးဝင်သည့် သုံးစွဲသူများအတွက် ဖြည့်စွက်ချက်

သင်သည် တောင်ကိုရီးယားနိုင်ငံ တရားစီရင်ပိုင်ခွင့်တွင် အကျုံးဝင်သည့် WeChat သုံးစွဲသူတစ်ဦးဖြစ်ပါက အောက်ဖော်ပြပါ နောက်ဆက်တွဲ စည်းကမ်းသတ်မှတ်ချက်များကို- (i) ယခုမူဝါဒတွင် ထည့်သွင်းထားပါသည်၊ (ii) သင်၏ WeChat သုံးစွဲမှုအပေါ် သက်ရောက်ပါသည်၊ နှင့် (iii) မကိုက်ညီမှုများရှိသည်အထိ ယခုမူဝါဒ၏ ခေါင်းစည်းစည်းကမ်း သတ်မျတ်ချက်များကို အစားထိုးထားသည်။

  1. တရားမဝင်ဗီဒီယိုအကြောင်းအရာများပါဝင်သည့် သုံးစွဲသူက အပ်လုတ်ပ်လုပ်ထားသည့်ပို့စ်များကို သက်ဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

  2. တရားမဝင်ဗီဒီယိုအကြောင်းအရာများပါဝင်သည့် သုံးစွဲသူက အပ်လုတ်ပ်လုပ်ထားသည့်ပို့စ်များနှင့် သက်ဆိုင်ရာ တောင်ကိုရီယားနိုင်ငံ ဥပဒေများနှင့်အညီ ပြစ်မှုဆိုင်ရာအကျိုးဆက်များ ရှိသည့်အခြေအနေများနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့အနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း အက်ဥပဒေပုဒ်မ 22-5(1)အရ ပို့စ်ကို ပြသမှုပိတ်ဆို့ခြင်း သို့မဟုတ် ဖျက်ခြင်း သို့မဟုတ် ပို့စ်တင်ရန်ငြင်းဆိုခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်သည်။