သင့်အချက်အလက်များအား ကျွန်ုပ်တို့စီစဉ်ဆောင်ရွက်ပုံ

အောက်ဖော်ပြပါတို့သည် မည်သည့်ကိုယ်ရေးအချက်အလက်များအား မိမိတို့ကောက်ခံသည်၊ မည်သို့အသုံးပြုသည် (နှင့် ဥရောပသမဂ္ဂ္မဂ ဥပဒေ၏အောက်တွင် ကိုယ်ရေးအချက်အလက်များအား ဥပဒေရေးရာအခြေခံအားဖြင့် အသုံးပြုနိုင်မှု) တို့ကို ဖော်ပြထားပါသည်။

သတင်းအချက်အလက်စီစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်
စာရင်းသွင်းမှု အချက်အလက်နှင့် အကောင့်ဝင်ရောက်မှု အချက်အလက် သင့်အမည်၊ အခြားအမည်၊ မိုဘိုင်းဖုန်းနံပါတ်၊ စကားဝှက်၊ ကျား၊ မ နှင့် IP လိပ်စာ။
ဥပဒေရေးရာအခြေခံ (အီးယူ): စာချုပ်
  • WeChat ပေါ်တွင် အသုံးပြုသူအကောင့်တစ်ခု တည်ဆောက်ရန်နှင့် အကောင့်ဝင်ရောက်ရန်၊
  • WeChat ၏ ပြောင်းလဲမှုများအကြောင်းကို သင့်အား အသိပေးရန်၊/1}
  • ဆက်သွယ်ရေးလွယ်ကူချောမွေ့ရန်၊
  • ဆက်သွယ်ရေးလွယ်ကူချောမွေ့ရန်၊
  • မိမိတို့၏ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများအား ခိုင်မာအောင် ဆောင်ရွက်ရန်၊
  • WeChat ကိုအသုံးပြု၍ VoIP ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်စေရန်၊
  • သင့်အား ဆက်သွယ်ပြောဆိုနိုင်ရန်၊
  • တစ်ဦးစီအလိုက် အကူအညီနှင့် လမ်းညွှန်မှုများ ပံ့ပိုးပေးနိုင်ရန်။
  • WeChat ကိုသင်မည်သို့ ချိတ်ဆက်အသုံးပြုသည်ကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်နိုင်ရန်၊
  • ဝန်ဆောင်မှုအသစ်များကို ဖန်တီးလုပ်ဆောင်ရန်နှင့် လက်ရှိဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန်၊
  • ဘာသာစကားနှင့် တည်နေရာကို သုံးစွဲသူစိတ်တိုင်းကျ ပံ့ပိုးပေးနိုင်ရန်၊
    • ငါတို့ဥစ္စာ, ငါတို့ Affiliate ကုမ္ပဏီများ, သို့မဟုတ် WeChat ၏အခြားအသုံးပြုသူများမဆိုအခွင့်အရေး, ပစ္စည်းဥစ္စာပိုင်ဆိုင်မှုသို့မဟုတ်ဘေးကင်းလုံခြုံမှုကာကွယ်စောင့်ရှောက်ရန်, နှင့်
  • ငါတို့ဥစ်စာ, ငါတို့ Affiliate ကုမ္ပဏီများ, သို့မဟုတ် WeChat ၏အခြားအသုံးပြုသူများမဆိုအခွင့်အရေး, ပစ္စည်းဥစ္စာပိုင်ဆိုင်မှုသို့မဟုတ်ဘေးကင်းလုံခြုံမှုကာကွယ်စောင့်ရှောက်ရန်, နှင့်
  • WeChat စီမံခန့်ခွဲခြင်းနှင့်ပြဿနာဖြေရှင်းခြင်း, ဒေတာခွဲခြမ်းစိတ်ဖြာ, စမ်းသပ်, သုတေသန, လုံခြုံရေး, လိမ်လည်မှု-detection စနစ်, အကောင့်စီမံခန့်ခွဲမှုနှင့်စစ်တမ်းရည်ရွယ်ချက်များအပါအဝင်ပြည်တွင်းစစ်ဆင်ရေးများအတွက်ရန်။
အသုံးပြုသူပရိုဖိုင် ရှာဖွေမှု အချက်အလက်။ ရှာဖွေမှုဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်သိမ်းဆည်းခြင်း။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • ယခင်ရှာဖွေထားမှုများကို အလွယ်တကူ လက်လှမ်းမီအောင် ပံ့ပိုးနိုင်ရန်။
မျှဝေသည့် အချက်အလက်များ - ပရိုဖိုင် အချက်အလက် လူအများမြင်တွေ့နိုင်သည့် သင့် WeChat ပရိုဖိုင်တွင်ပါဝင်သည့် သင့်ပရိုဖိုင် ID၊ အမည်နှင့် ဓါတ်ပုံအပါအဝင် အချက်အလက်အားလုံး။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • သင့်ညွှန်ကြားချက်၊ တောင်းခံမှုများနှင့်အညီ WeChat ပလက်ဖောင်းအား စီမံကွပ်ကဲရန်၊
    • စိတ္ႀကိဳက္အကူအညီႏွင့္႕ညႊန္ၾကားခ်က္မ်ားကိုစိတ်ကြိုက်အကူအညီနှငျ့ညွှန်ကြားချက်များကို;
  • ဘာသာစကားနှင့် တည်နေရာကို သုံးစွဲသူစိတ်တိုင်းကျ ပံ့ပိုးပေးနိုင်ရန်၊
  • ဝန်ဆောင်မှုအသစ်များကို ဖန်တီးလုပ်ဆောင်ရန်နှင့် လက်ရှိဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန်၊
  • WeChat ကိုသင်မည်သို့ ချိတ်ဆက်အသုံးပြုသည်ကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်နိုင်ရန်၊
  • သင့်ညွှန်ကြားချက်၊ တောင်းခံမှုများနှင့်အညီ WeChat ပလက်ဖောင်းအား စီမံကွပ်ကဲရန်၊
မျှဝေသည့် အချက်အလက်များ - ပရိုဖိုင် မီဒီယာ ဤအပိုင်းတွင် WeChat မှတဆင့် အခြားအသုံးစွဲသူများသို့ သင်မျှဝေထားသည့် အချက်အလက်အားလုံးပါဝင်ပြီး
  • WeChat Moments ပို့စ်များနှင့် အခြားသုံးစွဲသူများ၏ WeChat Moments များကို တုံ့ပြန်ထားမှုများ၊
  • အခြားသုံးစွဲသူများမှ ၎င်းတို့၏ WeChat သုံးစွဲမှုမှတဆင့် မျှဝေထားသည့် သင့်အကြောင်းအရာ အချက်အလက်များ - ဥပမာ - အခြားသုံးစွဲသူများမှ ၎င်းတို့၏ WeChat သုံးစွဲမှုများဖြစ်သည့် WeChat Moments နှင့် သင့်နှင့်အခြားသူများထံ WeChat အသုံးပြု ဆက်သွယ်ထားမှုများမှတဆင့် မျှဝေထားသည့် သင့်အကြောင်းအရာ အချက်အလက်များ။

ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • WeChat ပလက်ဖောင်းအား စီမံကွပ်ကဲရန်၊
  • တစ်ဦးစီအလိုက် အကူအညီနှင့် လမ်းညွှန်မှုများ ပံ့ပိုးပေးနိုင်ရန်။
  • ဘာသာစကားနှင့် တည်နေရာကို သုံးစွဲသူစိတ်တိုင်းကျ ပံ့ပိုးပေးနိုင်ရန်၊
  • ဝန်ဆောင်မှုအသစ်များကို ဖန်တီးလုပ်ဆောင်ရန်နှင့် လက်ရှိဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန်၊
  • သင့် WeChat ကို ထိန်းသိမ်းစီမံရန်၊
  • WeChat ကိုသင်မည်သို့ ချိတ်ဆက်အသုံးပြုသည်ကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်နိုင်ရန်၊
အကောင့်ပိုင်းဆိုင်ရာ ထပ်တိုးလုံခြုံရေး Voiceprint (သင့်အတွက် လုံခြုံရေးဆောင်ရွက်ချက် ရွေးချယ်မှုတစ်ခု)၊ အရေးပေါ် အဆက်အသွယ်၊ စီမံထားသည့် ကိရိယာများ၊ အီးမေးလ်လိပ်စာ၊ Facebook ချိတ်ဆက်မှု OpenID၊ Facebook ချိတ်ဆက်မှု တိုကင်၊ QQ ID။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • သင့်အထောက်အထားကို စစ်ဆေးရန်
  • အကောင့်လုံခြုံရေး။
စာရေးသားပေးပို့မှု အချက်အလက်။ သင်နှင့် အခြားအသုံးပြုသူ သို့မဟုတ် အသုံးပြုသူများပါဝင်သည့်အဖွဲ့ တို့အကြား ဆက်သွယ်ရေးသားသည့် အချက်အလက်များ။ အဆိုပါအချက်အလက်များကို သင့်ကိရိယာနှင့် သင်ပေးပို့ဆက်သွယ်သည့် အသုံးပြုသူများ၏ ကိရိယာများအပေါ်တွင် သိမ်းဆည်းထားပါသည်။ မိမိတို့အနေဖြင့် အဆိုပါအချက်အလက်များအား မိမိတို့၏ ဆာဗာများအပေါ်တွင် ပုံသေသိမ်းဆည်းထားခြင်း မရှိသည့်အပြင် အဆိုပါအချက်အလက်များအား သင်တို့ပေးပို့လိုသည့်နေရာ ရောက်ရှိနိုင်စေရန် ပေးပို့သည့် အခါမှသာ မိမိတို့ဆာဗာများသို့ ဖြတ်သန်း၍ ပေးပို့ခြင်း ဖြစ်ပါသည်။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • အခြားအသုံးပြုသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးရန်။
အဆက်အသွယ်များ စာရင်း။ သင့်ကိရိယာပေါ်ရှိ အဆက်အသွယ်စာရင်း။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • အခြားသော WeChat သုံးစွဲသူများမှ "အကြံပြုထားသည့် သူငယ်ချင်းများ" ဖီးချားလုပ်ဆောင်ချက်ကို အသုံးပြု၍ သင်နှင့် ချိတ်ဆက်နိုင်ရန်။
OpenID။ သင့် WeChat အကောင့်မှ တတိယကြားခံ WeChat Open Platform ဝန်ဆောင်မှုကို စတင်လုပ်ဆောင်သည်နှင့် တပြိုင်နက် မိမိတို့အနေဖြင့် OpenID တစ်ခုကို ထုတ်လုပ်ပါသည်။ ဤဖီးချားလုပ်ဆောင်ချက်သည် အခြားသော ကိုယ်ရေးအချက်အလက် - ဥပမာ - သင့်အမည်၊ အီးမေးလ်လိပ်စာ တို့ကို အသုံးမပြုပဲ အကောင့်တစ်ခုမှ ဝန်ဆောင်မှုတစ်ခုသို့ ချိတ်ဆက်သည့်အချိန်တွင်သာ တည်ရှိသည့် ထူးခြားကောင်းမွန်သည့် ရှာဖွေစိစစ်မှုဖီးချားလုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။ ထို့အပြင် သင့် WeChat အကောင့်မှ အခြား ကြားခံ operator တစ်ခုမှ လုပ်ဆောင်သည့် ဝန်ဆောင်မှုတစ်ခု သို့မဟုတ် ဝန်ဆောင်မှုများကို ချိတ်ဆက်သည့်အခါတွင် မိမိတို့အနေဖြင့် UnionID တစ်ခုကို ဖန်တီးပါသည်။ ဤဖီးချားလုပ်ဆောင်ချက်သည် တတိယကြားခံ operator များကို တူညီသည့် operator မှ ပေးအပ်သည့် အမျိုးမျိုးသော ဆက်စပ်ဝန်ဆောင်မှုများတွင် သင်အသုံးပြုခဲ့သည်များကို အလွယ်တကူပင် ရယူချိတ်ဆက်ခွင့် ပေးမည် ဖြစ်ပါသည်။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • သင့်အား တရားဝင်အကောင့်တစ်ခုကို ခြေရာခံသိရှိခွင့် ပြုရန်၊
  • သင့်အား မီနီပရိုဂရမ်တစ်ခုကို အသုံးပြုခွင့် ပြုရန်နှင့်
  • သင့်အား သင့် WeChat ID ကိုအသုံးပြု၍ ကြားခံ ဝန်ဆောင်မှုများကို ဝင်ရောက်ခွင့်ပြုရန်။
log အချက်အလက်။ အဓိပ္ပါယ်ကို အထက်တွင်ရှုပါ။
ဥပဒေရေးရာအခြေခံ (အီးယူ) - တရားဝင် အကျိုးစီးပွားများ
  • WeChat ကို သင်မည်သို့ ချိတ်ဆက်အသုံးပြုသည်ကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်နိုင်ရန်၊
  • WeChat အား စီမံကွပ်ကဲရန်၊
  • ပြဿနာဖြေရှင်းခြင်း၊ ဒေတာခွဲခြမ်းစိတ်ဖြာခြင်း၊ စမ်းသပ်ခြင်း၊ သုတေသနပြုခြင်း၊ လုံခြုံရေး၊ လိမ်လည်မှု-ခြေရာခံခြင်း၊ အကောင့်စီမံခန့်ခွဲမှုနှင့် စစ်တမ်းကောက်ယူယူမှု အပါအဝင် ဌာနတွင်းလုပ်ငန်းဆောင်ရွက်မှုများ၊
တည်နေရာ အချက်အလက်များ။ အဓိပ္ပါယ်ကို အထက်တွင်ရှုပါ။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
တရုတ်ပြည့်သူ့ သမ္မတနိုင်ငံပြင်ပတွင် အသုံးပြုသောအခါ တည်နေရာပြအချက်အလက်ကို အသုံးပြုသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းသည် HERE အသုံးပြုမှုဆိုင်ရာ စည်းမျဉ်း နှင့် HERE ကိုယ်ရေးလွတ်လပ်ခွင့် မူဝါဒ တို့ကို လိုက်နာရမည်ဖြစ်ကြောင်း ကျေးဇူးပြု၍ မှတ်သားပေးပါ။
  • လုံခြုံရေး၊ မသမာမှု-ခြေရာခံခြင်းနှင့် အကောင့်စီမံခန့်ခွဲမှု (ဥပမာ - သင့်အကောင့်အတွင်းသို့ ကြိမ်ဖန်များစွာ အကောင့်ဝင်ရောက်ခြင်းများ သို့မဟုတ် မသင်္ကာဖွယ်ရာ အကောင့်ဝင်ရောက်မှုများ မရှိစေရန်)။
  • သင်အသုံးပြုလိုသည့် တည်နေရာအခြေပြု ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန်။
    • တည်နေရာမျှဝေခြင်း (အခြားသူများနှင့် ရေးသားဆက်သွယ်မှုတစ်ခုတွင် သင့်တည်နေရာကို မျှဝေရန် သင်ရွေးချယ်သည့်အခါ)၊
    • Moments/ စိတ်ဝင်စားဖွယ်အချက် (Moments ပို့စ် တစ်ခုတွင် တည်နေရာတစ်ခုအား တည်နေရာအခြေပြုချိတ်ဆက်ခြင်း)၊
    • WeRun (သင်၏ အရှိန်တိုင်းကိရိယာနှင့် gy ကို WeChat အား ချိတ်ဆက်အသုံးပြုရန် သင်ရွေးချယ်သည့်အခါ)
    • တရားဝင်အကောင့်များ (သင့်တည်နေရာအား တရားဝင်အကောင့်တစ်ခုကို ပြသရန် သင်ရွေးချယ်သည့်အခါ အဆိုပါအချက်အလက်အား တရားဝင်အကောင့်နှင့် မျှဝေသွားမည်)၊
    • မီနီပရိုဂရမ် (သင့်တည်နေရာအား မီနီပရိုဂရမ်တစ်ခုသို့ ပြသရန် သင်ရွေးချယ်သည့်အခါ သို့မဟုတ် အနီးအနားရှိ မီနီပရိုဂရမ်များကို ရှာဖွေရန် သင်ရွေးချယ်သည့်အခါ)
    • အနီးအနားရှိလူများ၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပုလင်းထဲတွင် စာထည့်ပို့ခြင်း (အဆိုပါဖီးချားလုပ်ဆောင်ချက်များသည် တည်နေရာအခြေပြု ဝန်ဆောင်မှုများဖြစ်ပြီး သင့်အနေဖြင့် သင့်ယေဘုယျတည်နေရာကို အချိန်အကန့်အသတ်ဖြင့် မျှဝေရန် သင်ရွေးချယ်နိုင်ပါသည် (ထို့အပြင် အဆိုပါတည်နေရာအချက်အလက်များအား မည်သည့်အချိန်တွင်မဆို ဖယ်ရှားပစ်ရန် သင်ရွေးချယ်နိုင်ပါသည်)၊
    • ထိပ်တန်းသတင်းများ (ဤဖီးချားလုပ်ဆောင်ချက်ကို သင်ရယူပါက မိမိတို့အနေဖြင့် သင့်တည်နေရာကို အသုံးပြု၍ သင်နှင့်ကိုက်ညီမည့် ဒေသတွင်းအချက်အလက်များကို ချိန်ညှိပြသပေးပါမည်)၊/1}
    • ရှာဖွေမှု (အကယ်၍ WeChat ကိုအသုံးပြု၍ ပြင်ပရှာဖွေမှုများကို သင်လုပ်ဆောင်ပါက ဝန်ဆောင်မှုမှ သင့်တည်နေရာကို အသုံးပြု၍ သင်နှင့်ကိုက်ညီမည့် ဒေသတွင်း အချက်အလက်များကို သင့်အား ပံ့ပိုးပေးပါမည်)၊
  • ဘာသာစကားနှင့် တည်နေရာကို သုံးစွဲသူစိတ်တိုင်းကျ ပံ့ပိုးပေးနိုင်ရန်၊
ခရက်ဒစ်ကတ်အချက်အလက်များ
ဥပဒေရေးရာအခြေခံ (အီးယူ) - မိမိတို့အနေဖြင့် ဤအချက်အလက်များအား သက်ဆိုင်ရာ ဥပဒေများကို လိုက်နာ၍ ဥပဒေနှင့်အညီ စီမံလုပ်ဆောင်ပါမည်။
  • အချို့ဒေသများတွင် ခရက်ဒစ်ကတ်အချက်အလက်များကို ကောက်ခံရယူပြီး ကတ်အချက်အလက်များကို ကြားခံငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုမှတဆင့် သက်ငယ်အသုံးပြုသူမှ WeChat သုံးစွဲနေမှုကို မိဘ (သို့မဟုတ်) အုပ်ထိန်းသူမှ သဘောတူညီမှုကို အတည်ပြုရန်ရည်ရွယ်၍ အတည်ပြုဆောင်ရွက်ပါသည်။ ဤအချက်အလက်များကို WeChat ၏ ဆာဗာများတွင် ပုံသေသိမ်းဆည်းထားမည် မဟုတ်ပဲ ကြားခံငွေပေးချေမှုဝန်ဆောင်မှုမှ အတည်ပြုမှုကို လုပ်ဆောင်ပြီးပါက ချက်ချင်းပယ်ဖျက်မည် ဖြစ်ပါသည်။
ဖောက်သည်ပံ့ပိုးမှုအချက်အလက်။ မိမိတို့၏ ဖောက်သည်ပံ့ပိုးမှုအဖွဲ့ကို သင်တို့ပေးပို့သည့် အချက်အလက်များအားလုံး။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • သင့်ပံ့ပိုးမှုအခက်အခဲကို လေ့လာဖော်ထုတ်ရန်။
ကိရိယာအချက်အလက်။ သင့်ကိရိယာပေါ်တွင် သိမ်းထားသည့် မီဒီယာ။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • WeChat ကို အသုံးပြု၍ အဆိုပါမီဒီယာအား မျှဝေခြင်းကို ပံ့ပိုးပေးရန်။
လှူုမှုကွန်ယက်ချိတ်ဆက်မှု အချက်အလက်။ သင့် QQ ID သို့မဟုတ် (ရှိပါက) Facebook ချိတ်ဆက်မှု တိုကင်။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • သင့် WeChat အကောင့်ကို ကြားခံဆိုရှယ်မီဒီယာအကောင့်ဖြင့် ချိတ်ဆက်ရန် သင်ရွေးချယ်ပါက မိမိတို့အနေဖြင့် အဆိုပါ အချက်အလက်အား WeChat ကို ဆိုရှယ်မီဒီယာအကောင့်မှတဆင့် ဝင်ရောက်နိုင်အောင် လုပ်ဆောင်ရာတွင် စီမံဆောင်ရွက်ပါသည်။
  • သင်သည် Moments ပေါ်တွင် ရေးသားထုတ်လွှင့်ပါ ရေးသားမှုအား ကြားခံအကောင့်တွင် မျှဝေရန် သင်တောင်းခံသည့်အခါတွင် WeChat အနေဖြင့် ခွင့်ပြုထားသည့် တတိယ လူမှုမီဒီယာအကောင့်တွင် ထုတ်လွှင့်ရန် လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။
စစ်တမ်းကောက်ခံမှုများ။ သင်သည် စစ်တမ်းကောက်ခံမှုတွင် ပါဝင်ရန်ရွေးချယ်ပါက မိမိတို့အနေဖြင့် သင့်ထံမှ အချို့သော ကိုယ်ရေးအချက်အလက်များကို တောင်းခံမည် ဖြစ်ပါသည်။ မိမိတို့အနေဖြင့် အဆိုပါစစ်တမ်းကောက်ခံမှုမမျာားကျိားကို ကြားခံဝန်ဆောင်မှုမှတဆင့် လုပ်ဆောင်နိုင်ပြီး ထိုသို့လုပ်ဆောင်မှုအား သင်စစ်တမ်းတွင် ပါဝင်ဖြေဆိုမှုမပြီးခင်တွင် သင့်အား အသိပေးမည် ဖြစ်ပါသည်။
ဥပဒေရေးရာအခြေခံ (အီးယူ) - စာချုပ်
  • WeChat ကိုသင်မည်သို့ ချိတ်ဆက်အသုံးပြုသည်ကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်နိုင်ရန်၊/1}
  • စိတ်ကြိုက်အကူအညီနှင့် လမ်းညွှန်ချက်များကို ပံ့ပိုးပေးရန်၊
  • ဝန်ဆောင်မှုအသစ်များကို ဖန်တီးလုပ်ဆောင်ရန်နှင့် လက်ရှိဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန်၊
  • WeChat အား ပိုမိုမြှင့်တင်ရန်နှင့် သုံးစွဲသူ တောင်းခံမှုများ၊ လိုလားချက်များကို ပြန်လည်တုံ့ပြန်လုပ်ဆောင်ရန်။
ပြိုင်ပွဲ အချက်အလက်။ WeChat မှ ပြုလုပ်သည့် ပြိုင်ပွဲတစ်ခုအား ဝင်ရောက်ရန်အတွက် မိမိတို့အား သင်ပေးပို့သည့် အချက်အလက်အားလုံး။
ဥပဒေရေးရာအခြေခံ (အီးယူ) - တရားဝင် အကျိုးစီးပွားများ
  • ပြိုင်ပွဲတွင် သင်ပါဝင်ယှဉ်ပြိုင်ရန်အတွက် ကူညီပံ့ပိုးပေးရန်။
  • ဖြစ်နိုင်ပါက ဆုများချီးမြှင့်ရန်။
အမည်ဝှက်ခြင်းနှင့် စုစည်းထားသည့် အချက်အလက်များ မိမိတို့၏ ဝန်ဆောင်မှုများ တိုးတက်စေရန် အချို့သော ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ များကို စုပေါင်း၍ လျို့ဝှက်ရပါသည်။
  • အက်ပ်အသုံးပြုမှု ပိုမိုကောင်းမွန်စေရန် ထိုအက်ပ်အတွင်း မည်သည့် ဖီးချားလုပ်ဆောင်ချက်များနှင့် ဆောင်ရွက်ချက်များကို ပြုလုပ်ထားသည်ကို လေ့လာဆန်းစစ်ခြင်း။
  • လိမ်လည်မှု ခြေရာခံရန်နှင့် အကောင့်လုံခြုံမှု လေ့လာဆန်းစစ်ခြင်း
  • နေရာဒေသ၊ ဖုန်းမော်ဒယ်၊ ဖုန်းလုပ်ဆောင်မှုစနစ်၊ စနစ်အသုံးပြုထားသည့် ဘာသာစကားနှင့် WeChat ဗားရှင်း စသည့် သုံးစွဲသူဆိုင်ရာ အချက်အလက်များကို အသုံးပြု၍ မိမိတို့၏ အသုံးပြုသူများမှ WeChat အား မည်သို့အသုံးပြုနေသည်ကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်အောင် ဆန်းစစ်လေ့လာခြင်း။
  • အသုံးပြုသူများသည် WeChat Open Platform ပေါ်တွင် ကြားခံဝန်ဆောင်မှုပေးသူများ၏ ဝန်ဆောင်မှုများကို ရယူအသုံးပြုသည့်အခါ မည်သည့် အကြောင်းအရာနှင့် ဝန်ဆောင်မှုများကို အသုံးပြုနေသည့် ဝဘ်နှင့် အကောင့် အသွားအလာ စာရင်းဇယားများအား နည်းလမ်းတစ်ခုအဖြစ် အသုံးပြု​၍ WeChat အသုံးပြုသူများမှ ၎င်းတို့၏ ဝန်ဆောင်မှုများအား မည်သို့အသုံးပြုနေသည်ကို အခြေခံ လေ့လာမှုပြုလုပ် အသိပေးခြင်း။
ကွတ်ကီးများ။ ယခုကဲ့သို့ စုဆောင်းမှုများအား **"Tracking Technologies" အပိုင်းတွင် ပိုမိုရှင်းလင်းတင်ပြသွားပါမည်။
ဥပဒေရေးရာအခြေခံ (အီးယူ): စာချုပ်
  • အကောင့်ဝင်ရောက်မှုနှင့် အကောင့်အတည်ပြုမှုများကို ကူညီပံ့ပိုးပေးရန်။
  • ကြော်ငြာတင်ခြင်းနှင့် အခြားသော ဈေးကွက်တင်ခြင်း၊ ပရိုမိုးရှင်းဆိုင်ရာ ဖီးချားလုပ်ဆောင်ချက်များ၏ ထိရောက်မှုကို ဆန်းစစ်ရန်နှင့် မြှင့်တင်ရန်။

WeChat ၏ ဖီးချားလုပ်ဆောင်ချက်အချို့အား အချို့စီရင်စုမှ သုံးစွဲသူများသာ ရရှိနိုင်ပါသည်။ အဆိုပါဖီးချားလုပ်ဆောင်ချက်များကို မိမိတို့အနေဖြင့် အောက်ဖော်ပြပါ ထပ်တိုးအချက်အလက်များအဖြစ် စုစည်းရယူပါသည်။

သတင်းအချက်အလက်စီစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်
အပိုဆောင်းမှတ်ပုံတင်ခြင်းဒေတာများ - အတည်ပြုပြီးအကောင့်။ နိုင်ငံသား၊ မွေးရက်၊ လက်ရှိနေရပ်လိပ်စာရာလုပ်စာ၊ နေရာလိပ်စာထောက်ခံချက် မိတ္တူ၊ ကိုယ်ရေးအချက်အလက် ထောက်ခံချက်မိတ္တူ (ဥပမာ - နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ နေရပ်ပြန်ခွင့်လက်မှတ်၊ စသည်)၊ မှတ်ပုံတင်နံပါတ်၊ အလုပ်အကိုင်၊ ဝင်ငွေရရှိမှု အရင်းအမြစ်၊
ရရှိနိုင်မှု - ဤဖီးချားလုပ်ဆောင်ချက်အား အချို့သော စီရင်စုများ (ဥပမာ - ဟောင်ကောင်) တွင် ဖုန်းနံပါတ်နှင့်တကွ ထုတ်ဝေထားသည့် သုံးစွဲသူများသာ ရရှိပါမည်။
အကယ်၍ သင်သည် အကောင့်အတည်ပြုရန် တောင်းခံပါက (ထပ်တိုးငွေပေးချေမှု၊ WeChat ရှိ ငွေပေးချေမှု ဖီးချားလုပ်ဆောင်ချက်ကို ဖွင့်ရန်) မိမိတို့အနေဖြင့် ဤအချက်အလက်များကို အသုံးပြုပါမည်။
  • သင့်ရဲ့အထောက်အထားကိုအတည်ပြုရန်နှင့်
  • ငွေပေးချေမှုနှင့် ရန်ပုံငွေ ပေးသွင်းမှုများကို ကူညီပံ့ပိုးရန်။
ငွေပေးချေမှု အချက်အလက်။ သင့်ခရကစ်ဒစ်ကတ်နံပါတ်၊ သက်တမ်းကုန်ဆုံးရက်၊ CVC နှင့် ကတ်ကိုင်ဆောင်သူ အမည် ငွေပေးချေမှုတစ်ခုအား ကြားခံငွေပေးချေမှု ပံ့ပိုးလုပ်ဆာင်သူမှ ဆောင်ရွက်သည့်အခါ မိမိတို့အနေဖြင့် ငွေပေးချေမှုအချက်အလက် အတိုချုပ်ကို ရရှိသော်လည်း မည်သည့် ကိုယ်ရေးအချက်အလက်ကိုမျှ ရယူ၊ သိမ်းဆည်းခြင်း မပြုသည်ကို ကျေးဇူးပြု၍ သတိပြုပါ။
ရရှိနိုင်မှု - ဤဖီးချားလုပ်ဆောင်ချက်အား အချို့သော စီရင်စုများ (ဥပမာ - ဟောင်ကောင်) တွင် ဖုန်းနံပါတ်နှင့်တကွ ထုတ်ဝေထားသည့် သုံးစွဲသူများသာ ရရှိပါမည်။
  • WeChat အတွင်း သင်၏ ဝယ်ယူမှုများကို လုပ်ဆောင်ပေးရန်နှင့်
  • သင့် WeChat Pay အကောင့်ဖန်တီးရာတွင် သင့်အမည်မှန်ကို အတည်ပြုရန်၊